Robotics Camps

LEGO SPIKE Prime Camp

မူလပထမနှင့် တီထွင်မှုတွေကိုပဲ ဒီမှာ အဓိကထားပါသည်။ LEGO SPIKE အကူအညီဖြင့် ကလေးများသည် တကယ့်လက်တွေ့ဘဝပြဿနာများအတွက် ဆန်းပြားသည့်အဖြေများကို ရှာတွေ့နိုင်မည့်အပြင် ပတ်ဝန်းကျင်ဆိုင်ရာ၊ ကျန်းမာရေးနှင့် လျှပ်စစ်မော်တော်ကားဆိုင်ရာ အင်ဂျင်နီယာများပင် ဖြစ်လာနိုင်ပါသည်။

LEGO SPIKE Prime Camp

9-13 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

အနာဂတ်အတွက် ယနေ့ပဲ တီထွင်လိုက်ပါ။

ယခုတစ်ကြိမ်တွင်တော့ ကျွန်ုပ်တို့သည် တီထွင်ဖန်တီးမှုကစပြီး robotics ရှုထောင့်နယ်ပယ်အထိပါသည့် STEAM နယ်ပယ်များကို လေ့လာသွားမှာဖြစ်ပါသည်။ နယ်ပယ်အတွင်းက အမျိုးမျိုးသော အင်ဂျင်နီယာအစစ်အမှန်ပြဿနာရပ်များထဲ ထဲထဲဝင်ဝင်ပါဝင်ပြီး campers ၏ ပြဿနာဖြေရှင်းနည်းနှင့် algorithmic thinking (ပြဿနာဖြေရှင်းပုံဖြေရှင်းနည်း) စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီပေးသွားမှာပဲဖြစ်ပါသည်။ LEGO SPIKE robots အကူအညီဖြင့် Scooler များသည် ရာသီဥတုထောက်လှမ်းသည့် စက်များ၊ လျှပ်စစ်ကားများနှင့် ကျန်းမာရေးကိုစောင့်ကြည့်သည့် စက်ပစ္စည်းများကို တီထွင်နိုင်မှာဖြစ်ပါသည်။ တီထွင်ဖန်တီးမှုများပြလုပ်နေစဥ်မှာပဲ ကလေးများသည် conditions၊ loops နှင့် variables ကဲ့သို့ ပရိုဂရမ်းမင်းအခြေခံအချက်များကို သင်ယူလေ့လာသွားနိုင်မှာဖြစ်ပါသည်။

Highlights

ထုတ်ကုန်ဒီဇိုင်းလုပ်ငန်းစဥ်အားလုံးကို သိရှိခြင်း၊ prototyping၊ testing၊ repair

LEGO Spike Prime software ရှိ Block programming၊ ပရိုဂရမ်းမင်းအခြေခံအချက်များကို လေ့လာခြင်း၊ conditions၊ loops၊ variables

Color sensor ကိုအသုံးပြုပြီး ခြေရာခံခြင်းနှင့် မျိုးတူရာစုခြင်း

မော်တော်ယာဥ်များကို ပရိုဂရမ်ဆွဲရန် မော်တာများနှင့် ဆင်ဆာများကို အသုံးပြုခြင်း

Robot ကိုအသုံးပြု၍ အရည်အသွေးနှင့် အရေအတွက်ဆိုင်ရာ ဒေတာများကတစ်ဆင့် ရာသီဥတုခန့်မှန်းချက်များကို ဖန်တီးခြင်း

လှုပ်ရှားမှု အချက်အလက်များဖြင့် ကျန်းမာကြံ့ခိုင်သည့် ဘ၀လူနေမှုပုံစံကို ထိန်းသိမ်းရန် robot များကို ဖန်တီးခြင်း

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊လိုအပ်သောကိရိယာများအားလုံးကို ကျွန်ုပ်တို့မှ ပံ့ပိုးပေးပါသည်။
LEGO SPIKE Prime Camp

9-13 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။