Minecraft Camps

Minecraft Design

Minecraft က ပျော်စရာလည်းကောင်းသလို အသုံးလည်းဝင်ပါတယ်။ spatial awareness၊ creativity နဲ့ logical thinking တွေကိုလည်း ဖွံ့ဖြိုးတိုးတက်စေပါတယ်။ နောက်ပြီး သူ့ကို creative design အခက်အခဲတွေအတွက် ပလက်ဖောင်းတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ ဒီ camp ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Minecraft မှာ ကျောင်းသားတွေရဲ့ ဒီဇိုင်းနဲ့ တီထွင်ဖန်တီးမှုအရည်အချင်းတွေ နောက်ထပ်ဖွံ့ဖြိုးတိုးတက်သွားစေဖို့ပါပဲ။ သူတို့ဟာ မြေပုံတွေနဲ့ ကာရိုက်တာတွေကို ဆေးခြယ်တာ၊ ဒီဇိုင်းထွင်တာတွေကိုလည်း သင်ရဦးမှာပါ။

Minecraft Design Camp

7-14 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင့်ကိုယ်ပိုင်စွန့်စားမှုကို ဖန်တီးလိုက်ပါ။

ဒီတစ်ပတ်လုံး ကလေးတွေဟာ သူတို့ကိုယ်ပိုင် ဇာတ်လမ်းတွေနဲ့အတူ ကိုယ်ပိုင် စွန့်စားခန်းမြေပုံတွေ ဖန်တီးသွားရမှာပါ။ လူသူမဲ့အိမ်ကြီးကနေ တောင်တက်စွန့်စားခရီးဇာတ်လမ်းတွေအဆုံး ဘာကိုမဆို ဖန်တီးနိုင်မှာပါ။

Highlights

Camp အတွင်း ကလေးတွေ ဒါတွေလုပ်နိုင်မှာပါ၊

သူတို့ရဲ့ logical thinking နဲ့ problem-solving စွမ်းရည်တွေကို ဖွံ့ဖြိုးတိုးတက်စေလိုက်ပါ

Minecraft ရဲ့အခြေခံအချက်တွေကို မိတ်ဆက်ပေးခြင်း

creative design နဲ့ planning skills ကို သင်ယူလေ့လာခြင်း

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • offline camps အတွက်၊ ဒီ camp က တရားဝင် Minecraft subscription (PC/Mac)လိုအပ်ပါတယ်။ တကယ်လို့ သင့်မှာမရှိရင် ဒီနေရာမှာ ဝယ်နိုင်ပါတယ်၊ https://minecraft.net/en/store/minecraft၊ ဒါပေမဲ့ Android/XBOX/PS4 လိုင်စင်တွေကိုတော့ ဒီ camp မှာ လက်မခံတာကိုတော့ သတိပြုပေးပါ။
  • ကျောင်းက အွန်လိုင်း camp တွေဖွင့်ထားပေးပါတယ်၊ အထက်မှာပြောခဲ့တဲ့ Minecraft subscription အပြင် အွန်လိုင်း camp မှာပါဖို့ဆိုရင် ကလေးတွေဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။
Minecraft Design Camp

7-14 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။