Minecraft Camps

Minecraft - Mars Mission

Logiscool ရဲ့ Minecraft camp ရဲ့နောက်ဆုံးဦးတည်ရာကတော့ Planet Mars ပါပဲ။ ကလေးတွေဟာ စိတ်လှုပ်ရှားစရာ redstone ရဲ့ဖြစ်နိုင်ခြေတွေကို စူးစမ်းရှာဖွေပြီး သူတို့ကိုယ်ပိုင်အာကာသစခန်းကို တည်ဆောက်ရမှာပါ။ ဒီမှာတော့ သူတို့ဟာ solar panels ကနေစပြီး food dispensers၊ ဒီ planet မှာ နေထိုင်မယ့် special robots တွေအထိ ဖန်တီးနိုင်ဦးမှာပါ။

Minecraft - Mars Mission Camp

7-14 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကမ္ဘာဂြိုဟ်က အတိတ်မှာကျန်ခဲ့ပါပြီ

ဒီ camp အတွင်းကလေးတွေဟာ Minecraft နဲ့အတူ သူတို့ရဲ့ တီထွင်မှုစွမ်းရည်ကို မြှင့်တင်ခွင့်ရမှာဖြစ်ပြီး Mars နဲ့ space travel နဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ ဗဟုသုတတွေကို ချဲ့ထွင်နိုင်ဦးမှာဖြစ်ပါတယ်။ လူသားမျိုးနွယ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးတာဝန်အတွက် သူတို့တွေ အသင့်ဖြစ်နေပြီလား။

Highlights

Camp အတွင်း ကလေးတွေ ဒါတွေလုပ်နိုင်မှာပါ၊

Minecraft၊ ဒီဂိမ်းတည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံတွေကို ရင်းနှီးကျွမ်းဝင်အောင် လုပ်လိုက်ပါ။

logic gates၊ redstones နဲ့ Minecraft functions အမျိုးမျိုးနဲ့လည်း ရင်းနှီးကျွမ်းဝင်အောင် လုပ်လိုက်ပါ။

Mars နဲ့ space travel အကြောင်း လေ့လာခြင်း

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • ကျွန်တော်တို့ရဲ့ offline camps အတွက်၊ ဒီ camp က တရားဝင် Minecraft subscription (PC/Mac)လိုအပ်ပါတယ်။ တကယ်လို့ သင့်မှာမရှိရင် ဒီနေရာမှာ ဝယ်နိုင်ပါတယ်၊ https://minecraft.net/en/store/minecraft၊ ဒါပေမဲ့ Android/XBOX/PS4 လိုင်စင်တွေကိုတော့ ဒီ camp မှာ လက်မခံတာကိုတော့ သတိပြုပေးပါ။
  • ကျောင်းက အွန်လိုင်း camp တွေဖွင့်ထားပေးပါတယ်၊ အထက်မှာပြောခဲ့တဲ့ Minecraft subscription အပြင် အွန်လိုင်း camp မှာပါဖို့ဆိုရင် ကလေးတွေဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။
Minecraft - Mars Mission Camp

7-14 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။