Minecraft Workshops

Minecraft Modding Workshop

ကျွန်တော်တို့ရဲ့ workshop မှာ Minecraft ထဲမှာ မတူညီတဲ့ပရိုဂရမ်အမျိုးမျိုးကို သုံးပြီး mod နည်းကို သင်ပေးသွားမှာပါ။ Modding ဆိုတာကတော့ ဂိမ်းထဲကို အရာဝတ္ထုအသစ်တွေ ထည့်လို့ရတဲ့နည်းဖြစ်ပါတယ်၊ သူတို့ဟာ ကိုယ်ပိုင် စူပါဟီးရိုးတွေ၊ ကာရိုက်တာတွေ၊ ပစ္စည်းကိရိယာတွေ ဒါမှမဟုတ် အထူးစွမ်းဆောင်ရည်တွေကို ဖန်တီးနိုင်ပါတယ်။ ဒီလုပ်ရပ်ကနေ သူတို့ကို ပရိုဂရမ်းမင်းရဲ့အခြေခံအချက်တွေနဲ့ မိတ်ဆက်ပေးသွားဦးမှာပါ။

Minecraft Modding Workshop

11-13 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်ခန်းစာများ၊ ၆ x ၉၀ မိနစ်

အကြိမ်အရေအတွက်၊ တစ်ပတ်လျှင် ၁-၄ သင်ခန်းစာ၊ နေရာပေါ်တွင် မူတည်သည်

Minecraft ဖြင့်ကမ္ဘာတွေကို ဖန်တီးခြင်း

Minecraft ကိုပိုပြီးကောင်းအောင် လုပ်နိုင်တဲ့အရာကို သင့်ကလေးသိပါသလား။ ဒီသင်တန်းက သူတို့ကို modding ကတစ်ဆင့် ဂိမ်းထဲ သူတို့စိတ်ကူးတွေ ထည့်ပုံ ဒါမှမဟုတ် ဂိမ်းတွင် ပြုပြင်မွမ်းမံမှုတွေလုပ်ပုံကို သင်ပေးသွားမှာပါ။ Minecraft နာမည်ကြီးရခြင်းရဲ့လျှို့ဝှက်ချက်တစ်ခုကတော့ အလွယ်တကူပြင်ဆင်နိုင်ပြီး ကစားသူဟာ နည်းပညာအကြောင်းအများကြီးသိစရာမလိုဘဲ သူတို့အကြိုက်တွေကို ပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်။ ဒီကွန်ပျူတာဂိမ်းလုပ်ငန်းမှာ ဂိမ်းတွေကို modding လုပ်ပြီးစတင်ခဲ့တဲ့ ဒီဇိုင်းနာတွေနဲ့ ပရိုဂရမ်တွေနဲ့ ပြည့်နေပါတယ်။ နောက်ပြီး ဒီလုပ်ရပ်ကနေတစ်ဆင့် သူတို့ဟာ game development လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလို့ရသွားမှာပါ။

Highlights

ဒီ workshop က ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

အသစ်စက်စက် ပစ္စည်းတွေ၊ ထူးခြားတဲ့ပစ္စည်းတွေနဲ့ ကာရိုက်တာတွေဖန်တီးပြီး Minecraft mods ပြုလုပ်ခြင်း ဒါမှမဟုတ် ရှိပြီးသားအရာဝတ္ထုတွေကို ပြောင်းလဲခြင်းကတစ်ဆင့် ပြုလုပ်ခြင်း

ကျောင်းသားတွေကို ကိုယ်ပိုင် ထူးခြားတဲ့အရာဝတ္ထုတွေ ဖန်တီးခွင့်ပေးတဲ့ Blockbench 3D design program ကို အသုံးပြုပုံ

MCreator modding software ကိုအသုံးပြုခြင်းက အရာဝတ္ထုတွေကို ထူးတဲ့စွမ်းအင်တွေနဲ့ အပြုအမူတွေကို ပေးပြီး ပရိုဂရမ်းမင်းအခြေခံအချက်တွေကိုလည်း သင်ယူနိုင်ခွင့်ကို ရစေမှာပါ။

Exporting နဲ့ using mods

လိုအပ်ချက်များ

Minecraft အခြေခံဗဟုသုတ လိုအပ်ပါတယ်။

လိုအပ်တဲ့ software

  • ကျွန်တော်တို့ရဲ့ in-Logiscool workshop အတွက်၊ သင့်ကလေးက valid Minecraft subscription (PC/Mac Java Edition)လိုအပ်ပါတယ်။ တကယ်လို့ သင့်မှာမရှိရင် ဒီနေရာမှာ ဝယ်နိုင်ပါတယ်၊ https://minecraft.net/en/store/minecraft
    • သတိပြုရန်၊ ဒါပေမဲ့ Android/XBOX/PS4 လိုင်စင်တွေကိုတော့ ဒီ workshop မှာ လက်မခံတာကိုတော့ သတိပြုပေးပါ။ ဒီ workshop အတွက် လိုအပ်သမျှတခြားအရာအားလုံးကို ကျွန်တော်တို့က ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း workshops တွေလည်းဖွင့်ပေးထားပါတယ်၊ valid Minecraft subscription အပြင် ကျောင်းသားတိုင်းဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ school coordinators တွေကလည်း ဒီ workshop မစခင်တည်းက အပေါ်က software သွင်းဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို ထပ်ပေးသွားဦးမှာပါ။
Minecraft Modding Workshop

11-13 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်ခန်းစာများ၊ ၆ x ၉၀ မိနစ်

အကြိမ်အရေအတွက်၊ တစ်ပတ်လျှင် ၁-၄ သင်ခန်းစာ၊ နေရာပေါ်တွင် မူတည်သည်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။