Programming သင်တန်းများ

Python

431

သင့်ကလေးကို အနာဂတ်အတွက် အထောက်အကူပေးမယ့် စွမ်းရည်တွေကို သင်ပေးချင်ပါသလား။ ကျွန်တော်တို့ရဲ့ အသင်အပြကောင်းတဲ့ နည်းပြတွေက အသုံးအများဆုံး ပရိုဂရမ်းမင်းဖြစ်တဲ့ Python ရဲ့အခြေခံအချက်တွေကို သူတို့တွေကို ကူညီသင်ပြပေးသွားမှာပါ။

Python 431 သင်တန်း

13-18 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မတက်မဖြစ် သင်တန်းများ၊ MIX 312 သင်တန်း သို့မဟုတ် အဆင့်မြင့်ပရိုဂရမ်းမင်းအတွက် ဝင်ခွင့်စာမေးပွဲ

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

Python မှာ ပရိုဂရမ်ရေးရင် ဘာအကျိုးအမြတ်တွေရှိမလဲ။

Python ပရိုဂရမ်းမင်းဟာ နာမည်အကျော်ဆုံး ပရိုဂရမ်းမင်းဘာသာတစ်ခုဖြစ်ပြီး ဒီနေ့ခေတ် ပရိုဂရမ်းမင်းတွေထဲမှာ အင်အားအကောင်းဆုံးလည်းဖြစ်ပါတယ်။ သူ့ကို ဂိမ်းတွေနဲ့ app developmentတွေ၊ data mining နဲ့ analysis၊ robotics နဲ့ machine learning အပြင် artificial intelligence မှာတောင် အသုံးပြုထားပါတယ်။

ကျွန်တော်တို့ ကျောင်းသားတွေဟာ ဒီသင်တန်းရဲ့ ပထမစာသင်နှစ်မှာ Python ရဲ့အခြေခံအချက်တွေနဲ့ ရင်းနှီးသွားမှာဖြစ်ပြီး ဒုတိယစာသင်နှစ်မှာ သူ့ရဲ့အဆင့်မြင့်အယူအဆတွေကို ပိုပြီးသိရှိသွားမှာပါ။ တခြား Logiscool သင်တန်းတွေလိုပဲ ကျောင်းသားတွေဟာ စိတ်လှုပ်ရှားစရာပရောဂျက်တွေကို ကိုင်တွယ်ရမှာပါ။ ဒါပေမဲ့ ဒီနေရာမှာတောာ့ ပြဿနာဖြေရှင်းနည်းနဲ့ ထိရောက်တဲ့ သင်ကြားရေးကိုပဲ အဓိကထားသွားမှာပါ။ ဒါအပြင် ဂိမ်းတီထွင်ဖန်တီးတာအပြင် Python မှာ နောက်ထပ်ဘာတွေတီထွင်နိုင်သေးလဲဆိုတာကိုပါ ဆက်ပြီးလေ့လာသွားကြမှာပါ။

Highlights

သင်တန်းပြီးဆုံးတဲ့အခါ ကျောင်းသားတွေဟာ Python မှာ ယုံကြည်မှုရှိရှိ အမှီအခိုကင်းကင်းနဲ့ code ရေးနိုင်တော့မှာပါ။

နောက်ထပ် လက်တွေ့လေ့ကျင့်တဲ့ စာသင်နှစ်ပြီးရင်တော့ ကျောင်းသားတွေအနေနဲ့ Certified Entry-Level Python Programmer exam (PCEP) ကို အောင်မြင်ဖို့တော့ လိုပါတယ်။

Python က လူတိုင်းအခမဲ့အသုံးပြုနိုင်တဲ့ open source ဖြစ်ပါတယ်။

Python ကို အလွယ်တကူလေ့လာသင်ယူနိုင်ပြီး operating systems အမျိုးမျိုးမှာလည်း လုပ်ဆောင်နိုင်ပါတယ်။

Python ကို Google၊ Netflix နဲ့ Spotify တို့လို ကော်ပိုရိတ်အဖွဲ့ကြီးတွေကလည်း အသုံးပြုပါတယ်။

လိုအပ်ချက်များ

MIX 312 သင်ရိုး သို့မဟုတ် အဆင့်မြင့် ပရိုဂရမ်းမင်းသင်ရိုးများအတွက် Logiscool ၏ဝင်ခွင့်စာမေးပွဲကို အောင်မြင်ထားရပါမယ်။

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်းသင်တန်းတွေလည်းဖွင့်ပေးထားပါတယ်၊ ကျောင်းသားတိုင်းဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာ၊ Google အကောင့်တစ်ခုရှိရင် ပိုပြီးတော့ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ သင်တန်းဆရာတွေက လိုအပ်တဲ့ အခမဲ့ software အကြောင်းကို သင်တန်းမစမီမှာ ပံ့ပိုးပေးသွားမှာပါ။
Python 431 သင်တန်း

13-18 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မတက်မဖြစ် သင်တန်းများ၊ MIX 312 သင်တန်း သို့မဟုတ် အဆင့်မြင့်ပရိုဂရမ်းမင်းအတွက် ဝင်ခွင့်စာမေးပွဲ

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။