Roblox Camps

ROBLOX Game Design

သင့်ကလေးက ကစားရုံတင်မကဘဲ သူတို့ကိုယ်ပိုင် ထူးခြားတဲ့ Roblox game ကို ဒီဇိုင်းထွင်ဖို့ကိုရော စိတ်ဝင်စားပါသလား။ ကျွန်တော်တို့ရဲ့ အသစ်စက်စက် camp မှာ Roblox ကိုနောက်တစ်ဆင့် တိုးပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ campers တွေဟာ သူတို့အကြိုက်ဆုံး ဂိမ်းပလက်ဖောင်းရဲ့နောက်ကွယ်က တကယ့် code တွေကို ကစားရင်းနဲ့ စူးစမ်းနိုင်မှာဖြစ်ပြီး ဂိမ်းတီထွင်အင်ဂျင် Roblox Studio ကိုလည်း စူးစမ်းလေ့လာနိုင်ဦးမှာပါ။

ROBLOX Game Design Camp

9-12 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ဂိမ်းကစားသူဘဝမှ game developer ဘဝသို့

Roblox Studio ကလေးတွေကို သဲထိတ်ရင်ဖိုရတဲ့ kart ပြိုင်ပွဲတွေနဲ့ စွန့်စားရတဲ့ အခက်အခဲလမ်းကြောင်းတွေကစပြီး လှည့်ကွက်များတဲ့ ပဟေဠိတွေ အစရှိတဲ့ ဂိမ်အမျိုးမျိုးကို ဖန်တီးခွင့်ပေးထားမှာပါ။ ကျွန်တော်တို့ campers တွေဟာ Roblox Studio ရဲ့ ပစ္စည်းအမျိုးမျိုးကို အသုံးပြုပုံကို သင်ယူရမှာဖြစ်ပြီး ကိုယ်နဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ game နဲ့ level design တွေရဲ့အခြေခံသဘောတရားတွေကိုလည်း ရွေးချယ်သင်ယူနိုင်ပါသေးတယ်။ ဒီ camp ပြီးဆုံးသွားတဲ့အခါ သင့်ကလေးဟာ ဖန်တီးတည်ဆောက်ရမယ့် ဂိမ်းတွေရှိသွားမှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့လည်း မျှဝေလို့ရသွားမှာပါ။

Highlights

Camp အတွင်း ကလေးတွေ ဒါတွေလုပ်နိုင်မှာပါ၊

Roblox Studio အသုံးပြုနည်းကို လေ့လာခြင်း

စိတ်ကြိုက် mods/maps၊ ဂိမ်းဒီဇိုင်းရဲ့ အခြေခံအချက်တွေကို ဖန်တီးခြင်း

ဂိမ်းဒီဇိုင်းအခြေခံမူတွေနဲ့ ရင်းနှီးကျွမ်းဝင်စေခြင်း

သူတို့ဖန်တီးထားသည့် ဂိမ်းများကို မျှဝေနည်းကို သင်ယူခြင်း

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်း camp တွေမှာပါဖို့ဆိုရင် အပေါ်မှာပြောခဲ့တဲ့ ပစ္စည်းတွေ၊နားကြပ်တွေအပြင် အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့တစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ လိုအပ်တဲ့ တခြားပစ္စည်းတွေကိုတော့ ကျွန်တော်တို့ဘက်က ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ကျောင်းရဲ့ခေါင်းဆောင်တွေက camp မဖွင့်ခင်မှာ သင်တို့ကို ဆက်သွယ်ပြီးတော့ software သွင်းပုံသွင်းနည်းကို ပြောပေးသွားမှာပါ။
ROBLOX Game Design Camp

9-12 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။