ROBLOX Game Design
သင့်ကလေးက ကစားရုံတင်မကဘဲ သူတို့ကိုယ်ပိုင် ထူးခြားတဲ့ Roblox game ကို ဒီဇိုင်းထွင်ဖို့ကိုရော စိတ်ဝင်စားပါသလား။ ကျွန်တော်တို့ရဲ့ အသစ်စက်စက် camp မှာ Roblox ကိုနောက်တစ်ဆင့် တိုးပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ campers တွေဟာ သူတို့အကြိုက်ဆုံး ဂိမ်းပလက်ဖောင်းရဲ့နောက်ကွယ်က တကယ့် code တွေကို ကစားရင်းနဲ့ စူးစမ်းနိုင်မှာဖြစ်ပြီး ဂိမ်းတီထွင်အင်ဂျင် Roblox Studio ကိုလည်း စူးစမ်းလေ့လာနိုင်ဦးမှာပါ။
9-12 နှစ်အတွက်
online, Classroom
မရှိမဖြစ်များ၊ none
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်
ဂိမ်းကစားသူဘဝမှ game developer ဘဝသို့
Roblox Studio ကလေးတွေကို သဲထိတ်ရင်ဖိုရတဲ့ kart ပြိုင်ပွဲတွေနဲ့ စွန့်စားရတဲ့ အခက်အခဲလမ်းကြောင်းတွေကစပြီး လှည့်ကွက်များတဲ့ ပဟေဠိတွေ အစရှိတဲ့ ဂိမ်အမျိုးမျိုးကို ဖန်တီးခွင့်ပေးထားမှာပါ။ ကျွန်တော်တို့ campers တွေဟာ Roblox Studio ရဲ့ ပစ္စည်းအမျိုးမျိုးကို အသုံးပြုပုံကို သင်ယူရမှာဖြစ်ပြီး ကိုယ်နဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ game နဲ့ level design တွေရဲ့အခြေခံသဘောတရားတွေကိုလည်း ရွေးချယ်သင်ယူနိုင်ပါသေးတယ်။ ဒီ camp ပြီးဆုံးသွားတဲ့အခါ သင့်ကလေးဟာ ဖန်တီးတည်ဆောက်ရမယ့် ဂိမ်းတွေရှိသွားမှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့လည်း မျှဝေလို့ရသွားမှာပါ။
လိုအပ်ချက်များ
ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။
Roblox camps do not require ID or face verification, as children use their own accounts in a closed camp environment and only share projects with trusted friends within Roblox, without any public publishing.
လိုအပ်တဲ့ software
- in-Logiscool camps အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
- ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်း camp တွေမှာပါဖို့ဆိုရင် အပေါ်မှာပြောခဲ့တဲ့ ပစ္စည်းတွေ၊နားကြပ်တွေအပြင် အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့တစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ လိုအပ်တဲ့ တခြားပစ္စည်းတွေကိုတော့ ကျွန်တော်တို့ဘက်က ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ကျောင်းရဲ့ခေါင်းဆောင်တွေက camp မဖွင့်ခင်မှာ သင်တို့ကို ဆက်သွယ်ပြီးတော့ software သွင်းပုံသွင်းနည်းကို ပြောပေးသွားမှာပါ။
9-12 နှစ်အတွက်
online, Classroom
မရှိမဖြစ်များ၊ none
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်
