Roblox Camps

Roblox Game “Hacker” Camp

သင့်ကလေးက ကစားရုံတင်မကဘဲ သူတို့ကိုယ်ပိုင် ထူးခြားတဲ့ Roblox game ကို ဒီဇိုင်းထွင်ဖို့ကိုရော စိတ်ဝင်စားပါသလား။ ကျွန်တော်တို့ရဲ့ အသစ်စက်စက် camp မှာ Roblox ကိုနောက်တစ်ဆင့် တိုးပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ campers တွေဟာ သူတို့အကြိုက်ဆုံး ဂိမ်းပလက်ဖောင်းရဲ့နောက်ကွယ်က တကယ့် code တွေကို ကစားရင်းနဲ့ စူးစမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Lua programming မှာ scripts တွေကို အသုံးပြု တည်းဖြတ်ပြီး သူတို့ကိုယ်ပိုင် Roblox game ကို ဒီဇိုင်ထွင်ပြီး ဖန်တီးသွားနိုင်မှာပါ။

Roblox Game “Hacker” Camp

9-12 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ဂိမ်းကစားသူဘဝမှ game developer ဘဝသို့

ဒီ camp ရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေဟာ သူတို့ကိုယ်ပိုင် Roblox game ကိုဒီဇိုင်းထွင်ပြီး သူတို့ရဲ့ အတွေးအခေါ်စွမ်းရည်ကို ဖွံ့ဖြိုးသွားစေဖို့ပဲဖြစ်ပါတယ်။ ကလေးတွေဟာ မတူညီတဲ့ mods၊ scripts နဲ့ game design အယူအဆတွေကို အသုံးပြုပြီး ကိုယ်ပိုင်ဂိမ်းတွေကို ဖန်တီးပြီး စိတ်ကြိုက်ပြင်ဆင်နိုင်မှာဖြစ်ကာ Roblox အသုံးပြုထားတဲ့ Lua programming နဲ့လည်း ရင်းနှီးသွားမှာပါ။ ဒီ camp ပြီးဆုံးတဲ့အခါ ကျောင်းသားတွေဟာ သူတို့ရဲ့ ပထမဆုံး စိတ်ကြိုက်ဖန်တီးထားတဲ့ Roblox game ကို တီထွင်ပြီး ထုတ်သွားနိုင်မှာပါ။ ဒါကိုလည်း ဘယ်ပလက်ဖောင်းမှာပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေကို ပြလို့ရဦးမှာပါ။

Highlights

Camp အတွင်း ကလေးတွေ ဒါတွေလုပ်နိုင်မှာပါ၊

ဂိမ်းအတွင်း စိတ်ကြိုက် mods နဲ့ maps ကို ဖန်တီးခြင်း

Lua programming နဲ့ရေးထားတဲ့ scripts တွေကို တည်းဖြတ်ပြီး စိတ်ကြိုက်ဂိမ်းတွေကို ဖန်တီးခြင်း

game development မှာ အသုံးပြုတဲ့ ဂိမ်းဒီဇိုင်းအခြေခံမူတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်လိုက်ပါ။

သူတို့ဖန်တီးထားသည့် ဂိမ်းများကို မျှဝေနည်းကို သင်ယူခြင်း

Lua programming နဲ့ရေးထားတဲ့ scripts တွေကို အသုံးပြု တည်းဖြတ်ပုံကို လေ့လာပြီး ကလေးတွေရဲ့ logical နဲ့ algorithmic thinking တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်လိုက်ပါ။

လိုအပ်ချက်များ

ဒီ camp ကို တက်ဖို့ ကလေးတွေဟာ အရင်သင်တန်း ဒါမှမဟုတ် ဗဟုသုတတွေ မလိုပါ။ ဒါပေမဲ့လည်း camper တစ်ယောက်က Roblox မှာ ဂိမ်းအများအပြားကို ဒီဇိုင်းထွင်ပြီး ဖန်တီးထားပြီးသားဆိုရင်တော့ ဒီမှာပါဝင်ဖို့ ကျွန်တော်တို့ မထောက်ခံပါဘူး။

Roblox camps do not require ID or face verification, as children use their own accounts in a closed camp environment and only share projects with trusted friends within Roblox, without any public publishing.

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်း camp တွေမှာပါဖို့ဆိုရင် အပေါ်မှာပြောခဲ့တဲ့ ပစ္စည်းတွေ၊နားကြပ်တွေအပြင် အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့တစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ လိုအပ်တဲ့ တခြားပစ္စည်းတွေကိုတော့ ကျွန်တော်တို့ဘက်က ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ကျောင်းရဲ့ခေါင်းဆောင်တွေက camp မဖွင့်ခင်မှာ သင်တို့ကို ဆက်သွယ်ပြီးတော့ software သွင်းပုံသွင်းနည်းကို ပြောပေးသွားမှာပါ။
Roblox Game “Hacker” Camp

9-12 နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။