Roblox အလုပ်ရုံဆွေးနွေးပွဲများ

Roblox Workshop

သင့်ကလေးသည် Roblox ဂိမ်းများကို ကစားရုံတင်သာမကဘဲ သူတို့ကိုယ်ပိုင် ဖန်တီးဖို့ စိတ်ဝင်စားနေပါသလား။ ဒါဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ Roblox အလုပ်ရုံဆွေးနွေးပွဲတွေမှာ ကြိုးစားကြည့်ဖို့ အချိန်ရောက်ပါပြီ။ ဤပွဲအတွင်း ကလေးများသည် Roblox Studio အသုံးပြုနည်းနှင့် ၎င်းထဲတွင် စိတ်ကြိုက်မြေပုံများဖန်တီးနည်းတို့၏ အခြေခံအချက်များကို သင်ယူလေ့လာနိုင်ပါသည်။ ဂိမ်းတီထွင်ဖန်တီးသည့် ကိရိယာများပေးထားသည့်အတွက် သူတို့သည် တခြားပါဝင်သူများနှင့်အတူ ကစားရင်းဖြင့် ဂိမ်းလောကြီးကို စုပေါင်းတီထွင်ဖန်တီးနိုင်မှာဖြစ်ပါသည်။

Roblox Workshop

9-12 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကြာချိန်၊ ၁၂၀ မိနစ်

ဂိမ်းကစားသူဘဝမှ ဂိမ်းတီထွင်ဖန်တီးသူဘဝသို့

ဒီ workshop ရဲ့ ရည်ရွယ်ချက်မှာ ကလေးများကို သူတို့အကြိုက်ဆုံးဂိမ်း Roblox ကိုအသုံးပြုပြီး ဖြစ်နိုင်ခြေရှိသည့် ဂိမ်းဒီဇိုင်းများနှင့် မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။ ပါဝင်သူများသည် မတူညီသည့် ပြင်ဆင်မွမ်းမံမှုများနှင့် ဂိမ်းဒီဇိုင်းအမြင်သဘောထားများကိုအသုံးပြုပြီး စုပေါင်း Roblox universe ကို တည်ဆောက်သွားရမည်။ တစ်နေ့တာကုန်ဆုံးလျှင် ကလေးများသည် သူတို့၏တီထွင်ဖန်တီးမှုများကို အိမ်သို့ယူဆောင်သွားပြီး ဆက်လက်တီထွင်ဖန်တီးနိုင်မှာဖြစ်သည်။ workshop ပြီးနောက် အကယ်၍ ကလေးများသည် ပိုမိုနက်ရှိုင်းသည့် ဗဟုသုတများကို ပိုမိုလိုချင်သည်ဟု ခံစားမိလျှင် ကျွန်ုပ်တို့၏ Roblox-themed camps ထဲကတစ်ခုတွင် ဆက်လက်သင်ယူနိုင်ပါသည်။

Highlights

Workshopအတွင်း ကလေးများသည် ထိုသို့လုပ်နိုင်မည်၊

ဂိမ်းအတွင်း စိတ်ကြိုက် mods နဲ့ maps ကို ဖန်တီးခြင်း

game development မှာ အသုံးပြုတဲ့ ဂိမ်းဒီဇိုင်းအခြေခံမူတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်လိုက်ပါ။

သူတို့ဖန်တီးထားတဲ့ ဂိမ်းများအား မျှဝေနည်းကို လေ့လာပါ။

လိုအပ်ချက်များ

ဒီမှာပါဝင်ဖို့ ကလေးတွေဟာ အရင်သင်တန်း ဒါမှမဟုတ် ဗဟုသုတတွေ မလိုပါ။ ဒါပေမဲ့လည်း ကျောင်းသားတစ်ယောက်က Roblox မှာ ဂိမ်းအများအပြားကို ဒီဇိုင်းထွင်ပြီး ဖန်တီးထားပြီးသားဆိုရင်တော့ ဒီမှာပါဝင်ဖို့ ကျွန်တော်တို့ မထောက်ခံပါဘူး။

လိုအပ်တဲ့ software

ဒီပွဲအတွက် လိုအပ်တဲ့ကိရိယာများအားလုံးကို ကျွန်တော်တို့မှ ပံ့ပိုးပေးပါသည်။ ကလေးများသည် pendrive တစ်ခုယူလာခြင်း သို့မဟုတ် အီးမေးလ်လိပ်စာတစ်ခုရှိနေပါစေ၊ သို့မှသာ ပွဲပြီးသွားလျှင် သူတို့၏တီထွင်မှုကို အိမ်သို့ ပြန်ယူသွားနိုင်မှာဖြစ်ပါတယ်။

Roblox Workshop

9-12 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကြာချိန်၊ ၁၂၀ မိနစ်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။