Programming သင်တန်းများ

Scoolcode Master Class

401

ပရိုဂရမ်းမင်းရဲ့ written format ကို ကျွမ်းကျင်သွားတဲ့အခါ ကလေးတွေဟာ ဂိမ်းအမျိုးမျိုးကို တကယ့်ဂိမ်းပညာရှင်တွေလိုမျိုး တီထွင်သွားနိုင်မှာပါ။ သင့်ကလေးကိုလည်း game development ကနေ သူတို့ရဲ့ problem-solving နဲ့ algorithmic thinking skills တွေကို မြှင့်တင်ပေးရင်း မရှိမဖြစ်လိုအပ်တဲ့ အနာဂတ်အတွက် အရည်အချင်းတွေကို ပေးအပ်လိုက်ပါ။

Scoolcode Master Class 401 သင်တန်း
15-17 lessons

6+ အတန်းတက်သူများအတွက်

online, Classroom, 1-on-1

မတက်မဖြစ် သင်တန်းများ၊ MIX 312 သင်တန်း

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

Code ရေးတာကို လူတိုင်းသင်ယူနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။

ဒီမော်ဂျူးအတွင်း သင့်ကလေးဟာ ပရိုဂရမ်းမင်းရဲ့ text-based၊ written format ကိုအသုံးပြုသွားနိုင်မှာဖြစ်ပြီး တကယ့် ဂိမ်းတီထွင်တဲ့ပညာရှင်တွေလိုမျိုး ဂိမ်းအမျိုးမျိုးကို တီထွင်သွားနိုင်မှာပါ။

Mix Programming ပြီးဆုံးတဲ့အခါ သင့်ကလေးဟာ block-based visual programming ထက် text-based programming ကိုသာ အဓိကထားရတော့မှာပါ။ သူတို့ဟာ ဂိမ်းတွေတီထွင်ဖို့ လိုအပ်တဲ့ဗဟုသုတတွေ ရရှိသွားမှာဖြစ်ပြီး နာမည်ကျော် retro games၊ arcade games နဲ့ classic board games ကို StageScript ကိုသုံးပြီး ပြန်ဖန်တီးသွားနိုင်မှာပါ။ သင့်ကလေးဟာ တကယ့် ဂိမ်းတီထွင်တဲ့ပညာရှင်တွေလိုမျိုး သက်ဆိုင်ရာပရောဂျက်အမျိုးမျိုးကို ကိုင်တွယ်သွားနိုင်မှာပါ။

ဒီသင်တန်းပြီးဆုံးသွားရင်တော့ ကလေးတွေဟာ professional programming ဘာသာစကားတွေကို အထူးပြုလေ့လာသွားနိုင်မှာပါ။ နောက်ပြီး ဒီသင်တန်းက coding အပြင် algorithmic နဲ့ analytical thinking တို့လို ဘဝမှာလိုအပ်တဲ့စွမ်းရည်တွေကိုလည်း ရရှိအောင် အထောက်အကူပြုပါတယ်။

Highlights

သင့်ကလေးအသက်အရွယ်နဲ့ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းများရှိရာ ကမ္ဘာ့အဆင့်မီ ပညာရေးပလက်ဖောင်း

15-17 သင်ခန်းစာများ

တစ်ဦးချင်းလမ်းညွှန်ပြခြင်း

စိတ်ဝင်စားစရာ ပရောဂျက်အမျိုးမျိုး

Programming ဉာဏ်စမ်းပဟေဠိများ

Programming tools တွေကို ၂၄/၇ တစ်ပတ်လုံး အသုံးပြုနိုင်ခွင့်

အောင်မြင်မှုမှတ်တမ်း

သင့်ကလေး ဘာတွေသင်ရမှာလဲ၊

Programming၊ algorithmic နှင့် analytical thinking စွမ်းရည်များ၊

ဂိမ်းအမျိုးမျိုးကို ပရိုဂရမ်ရေးခြင်း၊ simple dice games၊ reflex၊ logic နဲ့ speed games၊ multiplayer games

သူတို့ပရောဂျက်တွေကို ပရိုဂရမ်ရေးဖို့ written commands ကို အသုံးပြုခြင်း

do-while loops ကို အသုံးပြုပြီး loop နေတဲ့အချိန်နဲ့ ဒါကို နှိုင်းယှဥ်ခြင်း

functions အမျိုးအစားအများအပြားကို အသုံးပြုခြင်း

ကမ္ဘာ့ဆွဲငင်အားနဲ့ ပွတ်တိုက်မှုတို့လိုမျိုး physical factors ကို အသုံးပြုခြင်း

အဆုံးစွန်ထိ ရှာဖွေမှုများ လုပ်ဆောင်ခြင်း၊ certain property ကိုအခြေခံပြီး အနည်းဆုံးနဲ့ အများဆုံးတန်ဖိုးတွေကို တွက်ချက်ခြင်း

loops နဲ့ lists တွေ ညွှန်းခြင်း

StageScript programming ကိုကျွမ်းကျင်ပိုင်နိုင်ခြင်း

Soft skills၊

ပြဿနာဖြေရှင်းခြင်းနဲ့ algorithmic thinking

ကိုယ့်ဘာသာယုံကြည်မှု

အာရုံစူးစိုက်မှုနဲ့ တိကျမှု

အာရုံစူးစိုက်ခြင်းနဲ့ ဇွဲရှိခြင်း

ပြောဆိုဆက်ဆံရေး

နည်းပညာအတွက် လိုအပ်ချက်များ

အွန်လိုင်းအတန်းများအတွက်၊ အင်တာနက်ချိတ်ထားတဲ့ လက်တော့ သို့ ကွန်ပျူတာတစ်လုံး၊ Chrome browser၊ မိုက်ခရိုဖုန်းတစ်ခုလိုအပ်မှာပါ။ နားကြပ်နဲ့ webcam လည်းရှိထားသင့်ပါတယ်။

အွန်လိုင်းအတန်းနဲ့ coding အတွက်လိုအပ်တဲ့ software ကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။

မရှိမဖြစ်များ

MIX 312 သင်တန်း ပြီးဆုံးခြင်း။

Scoolcode Master Class 401 သင်တန်း
15-17 lessons

6+ အတန်းတက်သူများအတွက်

online, Classroom, 1-on-1

မတက်မဖြစ် သင်တန်းများ၊ MIX 312 သင်တန်း

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်စိတ်ဝင်စားနိုင်မယ့် နောက်ထပ်ပရိုဂရမ်များ
ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။