Programming သင်တန်းများ

Scoolcode Master Class

402

သင့်ကလေးက အောင်မြင်တဲ့အနာဂတ်ကိုလှမ်းဖို့ နောက်ထပ်ခြေလှမ်းတစ်လှမ်း အစပြုချင်နေပြီလို့ သင်ခံစားရပါသလား။ ကျွန်တော်တို့ရဲ့ အသင်အပြကောင်းတဲ့ နည်းပြတွေရဲ့အကူအညီနဲ့ ကလေးတွေဟာ visual ကနေ written code တွေကိုသွားနိုင်မှာဖြစ်ပြီး တကယ့် developers ကြီးတွေလို ရှုပ်ထွေးတဲ့ပရောဂျက်တွေကို ပရိုဂရမ်ရေးနိုင်မှာပါ။

Scoolcode Master Class 402 သင်တန်း
15-17 lessons

6+ အတန်းတက်သူများအတွက်

online, Classroom

မတက်မဖြစ် သင်တန်းများ၊ Scoolcode Master Class 401 သင်တန်း

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

Code ရေးတာကို လူတိုင်းသင်ယူနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။

visual နဲ့ written code ရဲ့အခြေခံတွေကို သင့်ကလေးနဲ့မိတ်ဆက်ပေးပြီးတဲ့အခါ သင့်ကလေးဟာ written programming မှာပိုအာရုံစိုက်နိုင်လို့ သူတို့ရဲ့ programming အရည်အချင်းတွေ ပိုပြီးတိုးတက်လာမှာပါ။ ဂိမ်းအမျိုးမျိုးနဲ့ animations အမျိုးမျိုးကို ဖန်တီးခြင်းဖြင့် သင့်ကလေးဟာ matrices၊ recursive functions တွေအပြင် သူတို့ကိုအသုံးပြုနည်းတွေကိုပါ ရင်းနှီးသွားမှာပါ။

ဒီမော်ဂျူးပြီးဆုံးသွားရင်တော့ သင့်ကလေးတွေဟာ ပိုပြီးခက်ခဲတဲ့ မော်ဂျူးတွေကိုလေ့လာပြီး ပညာရှင်အဆင့် coding ဖန်တီးနိုင်တဲ့ လမ်းကြောင်းပေါ်ကို ဆက်သွားနိုင်မှာပါ။ နောက်ပြီး ဒီသင်တန်းက coding အပြင် algorithmic နဲ့ analytical thinking တို့လို ဘဝမှာလိုအပ်တဲ့စွမ်းရည်တွေကိုလည်း ရရှိအောင် အထောက်အကူပြုပါတယ်။

Highlights

သင့်ကလေးအသက်အရွယ်နဲ့ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းများရှိရာ ကမ္ဘာ့အဆင့်မီ ပညာရေးပလက်ဖောင်း

15-17 သင်ခန်းစာများ

တစ်ဦးချင်းလမ်းညွှန်ပြခြင်း

စိတ်ဝင်စားစရာ ပရောဂျက်အမျိုးမျိုး

Programming ဉာဏ်စမ်းပဟေဠိများ

Programming tools တွေကို ၂၄/၇ တစ်ပတ်လုံး အသုံးပြုနိုင်ခွင့်

အောင်မြင်မှုမှတ်တမ်း

သင့်ကလေး ဘာတွေသင်ရမှာလဲ၊

Programming၊ algorithmic နှင့် analytical thinking စွမ်းရည်များ၊

ဟိုအရင်က သင်ယူခဲ့တဲ့ ပရိုဂရမ်းမင်းစွမ်းရည်ကို လေ့ကျင့်ပြီး written coding မှာပိုပြီးအာရုံစိုက်ခြင်း

drawings နဲ့ mathematical sequences (e.g. Fibonacci) တွေကတစ်ဆင့် recursion ရဲ့ အယူအဆတွေကို သင်ယူခြင်း

recursion ကိုအသုံးပြုပြီး ဂိမ်းတွေကို ပရိုဂရမ်ရေးခြင်း (ဥပမာ- Towers of Hanoi)

Backtrack algorithm ကိုအသုံးပြုပြီး labyrinth ကို code ရေးပုံကို သင်ယူခြင်း

စိတ်ဝင်စားစရာဂိမ်းတွေ ဖန်တီးဖို့ matrices နဲ့ 2 dimensional arrays တွေကိုအသုံးပြုခြင်း

သူတို့ပရောဂျက်တွေကို ပရိုဂရမ်ရေးဖို့ written commands ကိုတည်းဖြတ်ပြီး ဖန်တီးခြင်း

StageScript programming နဲ့ သူ့ရဲ့ syntaxes တွေရဲ့ ပိုမိုနက်ရှိုင်းတဲ့ အသိပညာ

Soft skills၊

ပြဿနာဖြေရှင်းခြင်းနဲ့ algorithmic thinking

ကိုယ့်ဘာသာယုံကြည်မှု

အာရုံစူးစိုက်မှုနဲ့ တိကျမှု

အာရုံစူးစိုက်ခြင်းနဲ့ ဇွဲရှိခြင်း

ပြောဆိုဆက်ဆံရေး

နည်းပညာအတွက် လိုအပ်ချက်များ

အွန်လိုင်းအတန်းများအတွက်၊ အင်တာနက်ချိတ်ထားတဲ့ လက်တော့ သို့ ကွန်ပျူတာတစ်လုံး၊ Chrome browser၊ မိုက်ခရိုဖုန်းတစ်ခုလိုအပ်မှာပါ။ နားကြပ်နဲ့ webcam လည်းရှိထားသင့်ပါတယ်။

အွန်လိုင်းအတန်းနဲ့ coding အတွက်လိုအပ်တဲ့ software ကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။

မရှိမဖြစ်များ

Scoolcode Master Class 401 သင်တန်းပြီးဆုံးခြင်း။

Scoolcode Master Class 402 သင်တန်း
15-17 lessons

6+ အတန်းတက်သူများအတွက်

online, Classroom

မတက်မဖြစ် သင်တန်းများ၊ Scoolcode Master Class 401 သင်တန်း

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်စိတ်ဝင်စားနိုင်မယ့် နောက်ထပ်ပရိုဂရမ်များ
ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။