Digital Creator သင်တန်းများ

UNITY

422

သင့်ကလေးက ဗီဒီယိုဂိမ်းတွေကို စိတ်ဝင်စားပါသလား။ ဒါဆို သူတို့ကိုယ်တိုင် ဖန်တီးခွင့်ပေးလိုက်ပါလား။ ဒီသင်တန်းပြီးသွားရင်တော့ ကလေးတွေဟာ Angry Birds လိုမျိုးနာမည်ကျော်ဂိမ်းရေးပုံရေးနည်းကို သိသွားရုံတင် မကပါဘူး။ C# programming အခြေခံအချက်တွေနဲ့ virtual realityကိုပါ လေ့လာနိုင်မှာပါ။

UNITY 422 သင်တန်း

13-18 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မတက်မဖြစ် သင်တန်းများ၊ UNITY 421 သင်တန်း

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

တကယ့်ဂိမ်းပညာရှင်တွေရှိတဲ့ နယ်မြေကနေ ကြိုဆိုပါတယ်။

သင်တန်းတက်နေစဥ်မှာပဲ ကျောင်းသားတွေဟာ Temple Run၊ Angry Birds 2 နဲ့ Pokemon GO လိုနာမည်ကြီးဂိမ်းတွေ တီထွင်နေတဲ့ ဂိမ်းလောကကို သိခွင့်ရသွားမှာပါ။ ရိုးရိုး 2D နဲ့ 3D ဂိမ်းတွေရေးရုံနဲ့ပင် ကျောင်းသားတွေဟာ C# programming ထဲက object-oriented programming ကိုလေ့လာခွင့်ရသွားမှာပါ။ သင်တန်းပြီးသွားရင်တော့ virtual reality (VR) အခြေခံအချက်တွေကိုလည်း သိသွားဦးမှာပါ။

သင့်ကလေးက 2D နဲ့ 3D programming ကိုစိတ်ဝင်စားပြီး VR ဂိမ်းတွေကို ဖန်တီးချင်တယ်ဆိုရင်တော့ ဒီသင်တန်းက သူတို့အတွက်ပါပဲ။ ဒီသင်တန်းမှာတော့ ဂိမ်းရေးတဲ့ ပညာရှင်တွေ နေ့စဥ်အသုံးပြုနေတဲ့ Unity နဲ့ C# programming ဘာသာတွေကို သင်ပေးသွားမှာပါ။

အရင်က ပရိုဂရမ်းမင်းဘာသာတစ်ခုခုကို တက်ခဲ့ဖူးပြီး Unity မှာ ဂိမ်းတီထွင်တာကို စမ်းကြည့်ချင်တဲ့ ကျောင်းသားတွေကို ဒီသင်တန်းတက်ဖို့ အကြံပြုလိုပါတယ်။

Highlights

ဒီ course က ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

Unity မှာ ရိုးရိုး 2D နဲ့ 3D ဂိမ်းတွေ ဖန်တီးခြင်း

C# programming ဘာသာစကားထဲက Object-oriented programming

Virtual reality (VR) ရဲ့အခြေခံအချက်များ

တကယ့်ဂိမ်းပညာရှင်တွေလည်း အသုံးပြုနေတဲ့ နာမည်ကျော် game development တစ်ခုကို အသုံးပြုခြင်း

လိုအပ်ချက်များ

UNITY 421 သင်တန်း ပြီးဆုံးခြင်း။

လိုအပ်တဲ့ software

  • in-Logiscool camps အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်း camp တွေမှာပါဖို့ဆိုရင် အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့တစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။
UNITY 422 သင်တန်း

13-18 နှစ်အတွက်

online, Classroom, 1-on-1

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မတက်မဖြစ် သင်တန်းများ၊ UNITY 421 သင်တန်း

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။