အနာဂတ်အလုပ်အကိုင်ဈေးကွက်အတွက် စွမ်းရည်များကို ကြိုတင်ပြင်ဆင်ခြင်း

Digitalization
Logiscool
၂၈ ဇန် ၂၀၂၁

ကျွန်တော်တို့ ကမ္ဘာကြီးက ဒစ်ဂျစ်တယ်လွှမ်းမိုးနေတဲ့ ကမ္ဘာကြီးအဖြစ်ပြောင်းလဲသွားခဲ့တာ နှစ်အတော်ကြာပြီဖြစ်သလို အခုဆို အရင်ကထက်ပိုပြီးတော့ မြန်ဆန်လာပါပြီ။ COVID19 ဖြစ်သွားတော့ ကျွန်တော်တို့ အားလုံးဟာ အဆက်အသွယ်မပြတ်ဖို့နဲ့ ဆက်ပြီးရပ်တည်ရှင်သန်ဖို့ နည်းပညာပေါ်ကို လုံးဝအားထားလာရပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ automation၊ AI၊ robotics နဲ့ တခြားနည်းပညာတွေဟာ လုပ်ငန်းနယ်ပယ်အသီးသီးမှာ လူတွေရဲ့နေရာကို အစားထိုးဝင်ရောက်လာကြပါပြီ။ ဒါဟာ အနာဂတ်အလုပ်အကိုင်ဈေးကွက်ကိုလည်း သိသိသာသာလွှမ်းမိုးလာဦးမှာပါ။

ဥပမာ၊ စက်ရုံလုပ်သားတွေရဲ့အလုပ်ကို ကုန်ကျစရိတ်နည်းနည်း အကျိုးအမြတ်များများရဖို့အတွက် robots တွေနဲ့ အစားထိုးတာမျိုးပါ။ မောင်းသူမဲ့ကားတွေကလည်း ပိုပြီးတော့လူသိများလာပါပြီ။ နည်းပညာကို အောင်အောင်မြင်မြင်အသုံးချလာနိုင်တာက အနာဂတ်အလုပ်အကိုင်ဈေးကွက်ကိုပါ ဆက်ပြီးပုံဖော်သွားမယ့်သဘောရှိပါတယ်။ ဒီအတွက် အကောင်းဆုံးဥပမာကတော့ အလိုအလျောက်မောင်းတဲ့ Uber အစမ်းသပ်ခံကားတွေနဲ့ Tesla cars တွေဖြစ်ပြီး ကုမ္ပဏီတော်တော်များများက ယာဥ်မောင်းတွေကို လျှော့ချဖို့ ဒီနည်းပညာကို စတင်ပြီးအသုံးပြုလာကြပါပြီ။

ဒါပေမဲ့လည်း ဒါဟာ လူသားနဲ့ စက်ကြားက တိုက်ပွဲအဖြစ် မြင်ဖို့မလိုဘဲ နည်းပညာနဲ့အတူ လိုက်ပြီးပြောင်းလဲနိုင်မယ့် အခွင့်အရေးတစ်ခုအဖြစ် မြင်လို့ရပါတယ်။ ဒီတော့ အမြဲပြောင်းလဲနေပြီး အပြိုင်အဆိုင်များတဲ့ အနာဂတ်အလုပ်အကိုင်ဈေးကွက်အတွက် အဓိကဘယ်လိုအရည်အချင်းတွေ လိုလာနိုင်လဲ။ ဗဟုသုတတွေကို soft skill-building နဲ့ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ရော ကလေးတွေပါ အနာဂတ်အလုပ်အကိုင်ဈေးကွက်ရဲ့ စိန်ခေါ်မှုတွေအတွက် ပိုပြီးတော့ အင်တိုက်အားတိုက် ပြင်ဆင်ဖြတ်ကျော်နိုင်မှာပါ။

အနာဂတ်အလုပ်အကိုင်အတွက် အထောက်အကူပြုမယ့် စွမ်းရည်တွေကိုလေ့လာနေတဲ့ ကျောင်းသားတစ်ဦး

အနာဂတ်အလုပ်အကိုင်ဈေးကွက်မှာ အောင်မြင်ဖို့အတွက် အဓိကထားရမယ့် အချက်ကြီးလေးချက်က ဒါတွေပါ၊


၁။ Digital Literacy

Digital literacy က ဒီဈေးကွက်အတွက် မရှိမဖြစ်လိုအပ်တဲ့အရည်အချင်းတစ်ခုပါပဲ။ ဒီအသိပညာက ကလေးတွေကို တစ်နေ့တခြားပိုကျယ်ပြန့်လာတဲ့ ဒစ်ဂျစ်တယ်လောကမှာ ဘေးကင်းပြီး စွမ်းအားတွေကို ပံ့ပိုးပေးနိုင်မှာပါ။ ဒီထဲမှာ သူတို့အတွက် စာသင်ကြားရတာ၊ ကစားရတာ၊ ပါဝင်ဆောင်ရွက်ရတာ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ အွန်လိုင်းပေါ် ရှာဖွေရတာတွေကို ဒစ်ဂျစ်တယ်နည်းပညာတွေကနေတစ်ဆင့် လုပ်ဆောင်ရတာတွေပါဝင်ပါတယ်။ digital literacy မှာ digital content တွေကို ရှာဖွေအသုံးပြုတာ၊ digital content ကို ဖန်တီးတာ၊ ဆက်သွယ်တာနဲ့ မျှဝေတာတွေက အဓိက ကဏ္ဍကြီး ၃ ခုပါပဲ။

အလုပ်အကိုင်တော်တော်များများမှာ နည်းပညာက အလျင်အမြန်ကို လွှမ်းမိုးလာပြီဖြစ်လို့ digital literacy ရဲ့တန်ဖိုးကလည်း အခုရော နောင်ပါ လုပ်ငန်းခွင်တွေမှာ ပိုပြီးအရေးပါအရာရောက်လာပါပြီ။ သိသာထင်ရှားတဲ့ဥပမာကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျွန်တော်တို့တွေ ဘယ်မှထွက်ခွင့်မရချိန်တုန်းကတော့ ကမ္ဘာကြီးတစ်ခုလုံးဟာ digital video conferencing apps ကိုသုံးပြီးတော့ အွန်လိုင်းကနေ အလုပ်လုပ်ခဲ့ကြရပါတယ်။ ဒါဟာ ဒီပလက်ဖောင်းတွေကို သုံးရုံတင်သုံးနိုင်တာမဟုတ်ဘဲ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဆက်သွယ်နိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ Digital literacy က အနာဂတ်မှာ ကျွန်တော်တို့ ကြုံတွေ့ရနိုင်တဲ့ ဒီလိုအခက်အခဲတွေအတွက် အခိုင်အမာလမ်းပြပေးနိုင်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ digital literacy ရဲ့ အဓိကကဏ္ဍကြီး ၃ ခုအကြောင်း ပိုမိုဖတ်ရှုပြီး သူတို့က ကလေးတွေ အောင်မြင်ဖို့အတွက် ဘာကြောင့်အရေးကြီးလဲဆိုတာကို သိသွားမှာပါ။


၂။ Emotional Intelligence

Emotional Intelligence က လုပ်ငန်းခွင်တွေမှာ အလေးထားရမယ့်အရာတစ်ခုအဖြစ် ပိုပြီးသိသာထင်ရှားလာကာ အနာဂတ်အလုပ်အကိုင်တွေမှာ ပိုပြီးတော့ အရေးပါလာမယ်လို့ မျှော်မှန်းထားကြပါတယ်။ ဒါကြောင့် ကလေးတွေကို ပုံမှန်လေ့ကျင့်ဖို့ တိုက်တွန်းသင့်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီထဲမှာ ကလေးတွေကို ကိုယ့်ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကိုသိပြီး ကိုယ့်အားသာချက်ကို အကျိုးရှိရှိအသုံးချနိုင်တာမျိုး ပါဝင်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့နှစ်က ကမ္ဘာကြီးဟာ ကုမ္ပဏီရဲ့အကျိုးစီးပွားထက် ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို အဓိကထားပြောင်းလဲခဲ့တဲ့အချိန်မှာ အရေးပါအရာရောက်လာတဲ့ empathy ကလည်း ဒီထဲမှာပါဝင်ပါတယ်။ ဒီအရည်အချင်းကတော့ အဖွဲ့တွေ၊ ကုမ္ပဏီတွေအတွက် ကိုယ့်ဝန်ထမ်းတွေကို စိတ်ခွန်အားကိုဖြစ်စေလို့ တကယ့်ကို အရေးကြီးတဲ့ အရည်အချင်းဖြစ်ပါတယ်။ အနာဂတ်မှာလည်း ဒါက ဆက်ပြီးအရေးပါနေဦးမှာပါ။ နောက်ပြီး Self-motivation ကလည်း emotional intelligence ထဲမှာ ပါဝင်ပြီး အားကျအတုယူရတဲ့ရလဒ်တွေ ထွက်အောင်လုပ်တဲ့နေရာမှာ အရေးကြီးပါတယ်။ emotional intelligence မှာတော့ လူတွေရဲ့ အားပေးထိတွေ့မှုတွေလိုအပ်ပြီး ဒါတွေကို robots တွေက မလုပ်ပေးနိုင်ပါဘူး။ ကလေးတွေကို အသင်းအဖွဲ့တစ်ခုအဖြစ်နဲ့ စုပေါင်းပြီးတော့ လှုပ်ရှားဆောင်ရွက်တာ၊ ပြဿနာတွေကို ဖြေရှင်းခိုင်းတာတွေကတစ်ဆင့် သူတို့ရဲ့ emotional intelligence ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေးတာက အနာဂတ်အတွက်လည်း အရေးကြီးပါတယ်။


၃။ Creativity

Creativity ဆို အနုပညာတစ်ခုတည်းကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ဒါဟာတကယ်တော့ အလုပ်တိုင်းရဲ့ အဓိကအချက်အချာပါပဲ။ ကျွန်တော်တို့ဟာ နည်းပညာအဓိကထားတဲ့ အနာဂတ်ကို ချီတက်နေတာနဲ့ပဲ အလုပ်အကိုင်အားလုံးမှာ နည်းပညာတစ်ခုပဲ လိုတယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်တော့ creativity ဆိုတာ အနာဂတ်ဒစ်ဂျစ်တယ်ကမ္ဘာကြီးရဲ့ အခြေခံအကျဆုံးအချက်တစ်ခုလည်းဖြစ်ပါတယ်။ သင့်ကလေးတွေကို ဂိမ်းတွေ၊ coding ဒါမှမဟုတ် robotics တွေကနေတစ်ဆင့် သူတို့ရဲ့ creativity ကိုဖော်ထုတ်ပြသနိုင်တာကလည်း သူတို့ကို အသစ်အဆန်းတွေကို စမ်းကြည့်ပြီး တီထွင်ဖန်တီးအသစ်တွေထွက်လာအောင် သူတို့စိတ်ကူးတွေကို အသုံးချဖို့ တွန်းအားတစ်ခုဖြစ်စေမှာပါ။ ဥပမာ၊ ဗီဒီယိုဂိမ်းတွေထဲက ကာရိုက်တာတွေ၊အသွင်အပြင်တွေနဲ့ ခံစားပုံတွေထဲမှာလည်း creativity ကို ထည့်ထားတာမျိုးပါ။ ဒါကတကယ်တော့ ဒစ်ဂျစ်တယ်နည်းနဲ့ တီထွင်မှုတွေတိုင်းမှာ ရှိတဲ့အရာတစ်ခုပါပဲ။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ နညးပညာက ဆက်ပြီးတော့ ကြီးစိုးလွှမ်းမိုးလာမှာဖြစ်တာကြောင့် လူတွေရဲ့ creativity အရည်အချင်းကလည်း အလုပ်အကိုင်တွေအတွက် တကယ်ကို အဖိုးထိုက်တန်တဲ့ အရည်အချင်းတစ်ခုဖြစ်လာမှာပါ။


၄။ Leadership

အဖွဲ့တွေ၊ ကုမ္ပဏီတွေကို robots ဦးဆောင်နိုင်မယ့်ပုံတော့ လုံးဝမရှိတာသေချာပါတယ်။ ဒီအခန်းကဏ္ဍကတော့ လူသားတွေအတွက် အဓိကပါပဲ။ ခေါင်းဆောင်မှုမှာတော့ soft skills အမျိုးမျိုး ပေါင်းစပ်ပါဝင်ထားပြီးတော့ တချို့အရည်အချင်းတွေကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ အနာဂတ်မှာ သိသာထင်ရှားအရေးပါလာမယ့် knowledge-based အရည်အချင်းတွေပါပဲ။ ခိုင်မာအားကောင်းတဲ့ ခေါင်းဆောင်မှုစွမ်းရည်က အဖွဲ့ဝင်တွေကို အားကျအတုယူစေပြီး နောက်ကနေ လိုက်လံလုပ်ဆောင်တဲ့နေရာမှာ အထောက်အကူဖြစ်စေမှာပါ။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့အတွက် ကိုယ်တိုင်စိတ်အားတက်ကြွပြီး အင်တိုင်အားတိုက်လုပ်ဆောင်နိုင်သူဖြစ်ဖို့ လိုပါတယ်။ ကလေးတွေဟာ ဒီလိုအရည်အချင်းတွေကို တီထွင်တာ၊ စုပေါင်းလုပ်ဆောင်တာ၊ ဖန်တီးတာစတဲ့ လှုပ်ရှားမှုတွေမှာ အတူပါဝင်လုပ်ဆောင်ပြီး တည်ဆောက်ကာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေအဖြစ် နေရာယူနိုင်မှာဖြစ်ပါတယ်။

soft skills နဲ့ digital knowledge ကို ကျွမ်းကျွမ်းကျင်ကျင်သိထားတဲ့ ကလေးတွေဟာ အနာဂတ်အလုပ်အကိုင်ဈေးကွက်မှာ အကောင်းဆုံးအနေအထားကို ရနိုင်တယ်ဆိုတာက သိသာပါတယ်။ Logiscool မှာ ကလေးတွေဟာ digital literacy နဲ့ အထက်မှာပြောထားတဲ့ အရည်အချင်းတွေကို gamified နည်းနဲ့ သင်ယူနိုင်မှာပါ။ ဒါဟာ သူတို့အတွက် အနာဂတ်မှာ အလုပ်အကိုင်ရဖို့သေချာစေရုံတင်မကပါဘူး ကိုယ်တိုင် တီထွင်ဖန်တီးသူတွေလည်း ဖြစ်လာစေဦးမှာပါ။ Logiscool ရဲ့လက်ရွေးစင်သင်တန်ကို ကြည့်ရှုပြီး အနာဂတ်အလုပ်အကိုင်ဈေးကွက်က စိန်ခေါ်မှုတွေအတွက် သင့်ကလေးကို ကြိုတင်ပြင်ဆင်ပေးလိုက်ပါ၊ https://www.logiscool.com/my-mm/courses