Home Alone လား။ ကပ်ဘေးအတွင်း ကလေးတွေရဲ့ အင်တာနက် အသုံးပြုခြင်း

Digitalization
Logiscool
၁၆ မတ် ၂၀၂၁

Covid-19 ကပ်ရောဂါဟာ ကျွန်တော်တို့ရဲ့ဘဝတွေကို နည်းလမ်းမျိုးစုံနဲ့ပြောင်းလဲသွားစေပါတယ်။ အိမ်ကနေ အလုပ်လုပ်ရတာ၊ စာသင်ရတာတွေကြောင့် မိဘတွေရော ကလေးတွေပါ အင်တာနက်ကို မဖြစ်မနေသုံးရပါတော့တယ်။ တကယ်လို့ သင်ကမိဘဆိုရင် သင့်ကလေး အွန်လိုင်းကို ဘယ်လောက်ထိ အသုံးပြုလဲ၊ သူငယ်ချင်းတွေနဲ့ စကားပြောပေမဲ့ lockdowns တွေကြောင့် အထီးကျန်နေရတာကိုလည်း စိတ်ပူပန်နေရပါတယ်။

ဥရောပသမဂ္ဂရဲ့ ပူးတွဲသုတေသနစင်တာနဲ့ တခြားသုတေသနအဖွဲ့တွေကလည်း ဥရောပမှာကလေးတွေရဲ့ အင်တာနက်အသုံးပြုမှုကို ဒီကပ်ဘေးက ဘယ်လောက်ထိတောင် အကျိုးသက်ရောက်မှုဖြစ်စေလဲဆိုတာကို လေ့လာမှုတစ်ခုပြုကြပါတယ်။ ဒီလေ့လာမှုထဲမှာ နိုင်ငံပေါင်းဆယ့်ငါးနိုင်ငံပါဝင်ထားပြီး အိုင်ယာလန်ကရလဒ်တွေကို ထုတ်ပြန်ထားတာကြောင့် ကျွန်တော်တို့ ကလေးတွေနဲ့ပတ်သက်ပြီး ဖြစ်ပျက်နေတာကို သိမြင်ခွင့်ရခဲ့ပါတယ်။

ပထမဆုံး သင်သိထားရမှာက သင်တစ်ယောက်တည်းပဲ စိတ်ပူနေရတာမဟုတ်ဘူးဆိုတာပါပဲ။ ဒီလေ့လာမှုထဲမှာပါတဲ့ မိဘတွေထဲကတစ်ဝက်ကျော်ကလည်း သူတို့ကလေးတွေပေါ် ဒီကပ်ဘေးသက်ရောက်ပုံနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြပါတယ်။ မိဘ သုံးပုံနှစ်ပုံရဲ့ အစိုးရိမ်ဆုံးကိစ္စကတော့ အချိန်အကြာကြီးတစ်ယောက်တည်းနေရတာက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပြီး စိတ်ဓာတ်ကျတာ ဒါမဟုတ် အင်အားကုန်ခမ်းတာတွေဖြစ်မှာကိုပါ။ တခြားအဓိကစိတ်ပူစရာတွေကတော့ ကလေးတွေဟာ အွန်လိုင်းပေါ်မှာ အချိန်တော်တော်ကုန်ဆုံးကြပြီး ကျောင်းစာတွေနောက်ကျတာ စာမေးပွဲကျတာတွေဖြစ်တဲ့အပြင် အွန်လိုင်းပေါ်မှာ cyberbullying ခံရနိုင်တာ၊ မသမာသူတွေနဲ့ ပြောဆိုမိတာတွေအထိပါဖြစ်နိုင်ပါတယ်။

ဒါတွေက စိတ်ပူစရာအတော်များများကတော့ တကယ့်အန္တရာယ်တွေပါပဲ။ ဒီလေ့လာမှုထဲမှာပါတဲ့ ကလေးငယ် လေးပုံတစ်ပုံဟာ lockdown ချိန်အတွင်း cyberbullying လုပ်တာခံခဲ့ရပြီး တစ်ဝက်လောက်ကတော့ တခြားသူတစ်ယောက်ယောက် cyberbullying လုပ်တာကို မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်တွေဟာ အွန်လိုင်းပေါ်က social media၊ in video calls၊ chat rooms၊ email ဒါမှမဟုတ် messaging apps စတဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပြီး lockdowns ချိန်အတွင်း cyberbullying ခံရတဲ့ပမာဏကလည်း များလာပါတယ်။ စိတ်ပူစရာအကောင်းဆုံးကတော့ ဒီထဲကခံရသူတစ်ဝက်မပြည့်တပြည့်ပဲ ဒီအကြောင်းကို မိဘတွေကို ပြောပြတာပါ။ မိဘတစ်ဦးအနေနဲ့ သင်ဟာ သင့်ကလေးနဲ့အတူထိုင်ပြီး စကားပြောဆိုရင်း cyberbullying အကြောင်းကို ပြောပြသင့်ပါတယ်။ နောက်ပြီး ဒါကို ဘယ်လိုမျိုးသတိပြုမိရမယ့်အကြောင်းနဲ့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ သူတို့ဘေးမှာ ရှိတဲ့အကြောင်းကို သေချာပြောပြရပါမယ်။ ကျွန်တော်တို့ကလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒီနေရာမှာ ပိုပြီးအကြံပေးထားပါတယ်။

လက်တော့ရှေ့မှာ ပြုံးပြီး လက်ဝှေ့ယမ်းနေတဲ့ ကောင်မလေး

Cyberbullying ဆိုတာ မိဘတွေမပါဘဲ အွန်လိုင်းမှာအကြာကြီးအချိန်ဖြုန်းတဲ့ ကလေးတွေအတွက်တင် အန္တရာယ်များတာမဟုတ်ပါဘူး။ ကလေးငယ် သုံးပုံတစ်ပုံခန့်ဟာ ကိုယ့်ဘာသာနှိပ်စက်နေတဲ့ တခြားသူတွေအကြောင်း ဆွေးနွေးတာတွေ၊ ပုံတွေကို မြင်ရပြီး တချို့ကလေးတွေဆိုရင် တခြားသူတွေ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ထိခိုက်နာကျင်အောင်လုပ်နေတဲ့ လူတွေကိုတောင်မြင်ရတယ်လို့ သတင်းပေးပို့ထားတာတွေရှိပါတယ်။ ဒီထဲက တစ်ဝက်လောက်နီးပါးဟာ အမုန်းစကားတွေပြောခံရပါတယ်။ အလားတူပမာဏရှိတဲ့ ကလေးတွေဟာလည်း အလွန်အမင်းကိုယ်အလေးချိန်လျှော့ချတာမျိုးတွေကို မြင်တွေ့ရပါတယ်။ ဒီလိုကိုယ်အလေးချိန်လျှော့ချတာဟာ သဘာဝမဟုတ်တဲ့ မကျန်းမာတဲ့နည်းတွေနဲ့ ပိန်သွားအောင်လုပ်တာကိုပြောတာပါ။ ဒီလိုစိတ်ကူးအတွေးအခေါ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ရေရှည်ကျန်းမာရေးဆိုးကျိုးတွေအပြင် အသက်ပင်သေစေနိုင်တဲ့ ကိုယ်အလေးချိန်လျှော့ချနည်းမျိုးကို ခေါ်တာပါ။ ကလေးတွေဟာ ဒီလိုအရာမျိုးတွေကို အရင်ကထက် lockdown ကာလမှာ ပိုမြင်ရတယ်လို့ ပြောပါတယ်။ cyberbullying လိုမျိုးအတွက် မိဘတစ်ဦးအနေနဲ့ သင်အကောင်းဆုံးလုပ်ပေးနိုင်တာကတော့ သင့်ကလေးအနားမှာ သင်တို့ရှိကြောင်းနဲ့ အွန်လိုင်းပေါ်မှာ သူတို့တစ်ခုခုရှာတွေ့တဲ့အခါ သင့်ကိုလာပြီးပြောနိုင်တဲ့အကြောင်း သူတိုသိအောင် သေချာပြောပြပေးပါ။

ဒါပေမဲ့ အရာရာတိုင်းက ပျက်စီးစုတ်ပြတ်နေတာမျိုးမဟုတ်ပါဘူး၊ ဒီစစ်တမ်းမှာ တချို့ကောင်းတဲ့အရာလေးတွေလည်း ပြထားပါသေးတယ်။ ဒီစစ်တမ်းထဲက ကလေးတွေဟာ ပုံမှန်အားဖြင့် အင်တာနက် ကျွမ်းသူတွေပါ။ သူတို့က video conference apps ကိုအလွယ်တကူအသုံးပြုနိုင်ပြီး သူတို့ထဲက လေးပုံသုံးပုံဟာ အွန်လိုင်းမှာ သူတို့ပေးသင့်အချက်အလက်တွေ မပေးသင့်တဲ့အချက်အလက်တွေကို သိကြပါတယ်။ နောက်ပြီး အတော်များများက သူတို့ရဲ့ privacy settings ကို ဘယ်လိုပြောင်းရမလဲ သိကြပါတယ်။ တကယ်တော့ သူတို့ထဲကတစ်ဝက်ကျော်လောက်ဟာ အင်တာနက်ကို သူတို့မိဘတွေထက် ပိုပြီးကျွမ်းကျင်ကြပါတယ်။ ဒါ့အပြင် lockdown အတွင်း သူတို့မိဘတွေဟာ အွန်လိုင်းအသုံးပြုတာရဲ့ ကောင်းကျိုးတချို့ကို သိကြပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာဟာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် ကူညီပေးတယ်ဆိုတာကို အများစုက သဘောတူကြပြီး မိဘဆယ်ယောက်မှာ ခုနစ်ယောက်ဟာ တခြားအချိန်တွေထက် ဒီအချိန်မှာ သူတို့ကလေးတွေနဲ့ အတူတူကစားတာ၊ တစ်ခုခုလုပ်ဆောင်တာမျိုးတွေနဲ့ အချိန်ကုန်ကြပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီရောဂါကပ်ဘေးဟာ ကလေးတွေရဲ့အွန်လိုင်းအသုံးပြုမှုကို မပြောင်းလဲစေပါဘူး။ သူတို့ဟာ အွန်လိုင်းမှာပဲ အချိန်ကုန်တာများပေမဲ့ သူတို့ကြုံရမယ့် အန္တရာယ်တွေကတော့ အရင်အတိုင်းပါပဲ။ အရင်လိုပဲ အခုအချိန်မှာလည်း မိဘတွေဟာ သူတို့ကလေးတွေ ဒစ်ဂျစ်တယ်ကမ္ဘာမှာ ဘေးကင်းကင်းနဲ့ကျင်လည်တတ်စေဖို့ သေသေချာချာစီမံပေးဖို့လိုပါတယ်။ ဒီတော့ သင့်ကလေးနဲ့ စကားပြောပါ၊ သူတို့ဘာသာပဲ အွန်လိုင်းပေါ်က ပြဿနာတွေကို ဖြေရှင်းဖို့မလိုတာကိုပြောပြပါ။ တကယ်လို့ သူတို့မှာ စိုးရိမ်စရာ ဒါမှမဟုတ် မကောင်းတဲ့အဖြစ်တွေနဲ့ကြုံရတဲ့အခါ သင့်ဆီကိုလာနိုင်အောင် လမ်းဖွင့်ပေးထားပါ။ သူတို့ရဲ့နဲ့ သင့်ရဲ့ digital literacy ကို ပိုတိုးတက်စေမယ့် နည်းလမ်းတွေကို ရှာထားပါ။ ကျွန်တော်တို့ Logiscool မှာတော့ ကျောင်းမှာပဲဖြစ်စေ အိမ်ကနေတက်လို့ရတဲ့ အွန်လိုင်းကဖြစ်စေ သင်ယူနိုင်တဲ့ သင်တန်းတွေအများကြီးရှိပါတယ်။ ဒီထဲမှာ အင်တာနက်ကို ဘေးကင်းစိတ်ချစွာအသုံးပြုနည်းကိုလည်း သင်ပေးတဲ့သင်တန်းလည်းရှိပါတယ်။ ပိုပြီးသိရှိလိုပါက www.logiscool.com/my-mm/coursesကို ဝင်ရောက်ကြည့်ရှုပါ။