စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ စိတ်သဘောထားကြီးမြင့်မှု - အောင်မြင်မှုရဲ့ သော့ချက်များ

ပညာရေး
Logiscool
၂၄ သြ ၂၀၂၁

ကျွန်တော်တို့ဟာ မကြာသေးခင် ပင်ကိုစွမ်းရည် အကြောင်းရေးထားပြီး ဒါကို အသက်ငယ်တုန်းအချိန်မှာ ဘယ်လိုသိရှိနိုင်မလဲဆိုတာပါထည့်ရေးထားပါတယ်။ ဒီနေ့ဆောင်းပါးကတော့ တခြားကိုယ်ရည်ကိုယ်သွေးတစ်ခုအကြောင်းဖြစ်ပြီး ကလေးတွေနဲ့ လူကြီးတွေအတွက် အနာဂတ်အောင်မြင်မှုကို ဆုံးဖြတ်တဲ့နေရာမှာလည်း ပင်ကိုစွမ်းရည်လိုပဲ အရေးကြီးပါတယ်။ ဒါကတော့ စိတ်ဓာတ်ကြံ့ခိုင်မှုပါပဲ။

စိတ်ဓာတ်ကြံ့ခိုင်မှုရဲ့ အင်္ဂလိပ်လို မူလအဓိပ္ပာယ်ကတော့ သဲ၊ကျောက်စရစ်ခဲသေးတွေနဲ့ တစ်ခုခုကို ကြိုးပမ်းအားထုတ်တဲ့အချိန် အံကြိတ်ခြင်းပဲဖြစ်ပါတယ်။ စိတ်ပညာမှာတော့ စိတ်ဓာတ်ကြံ့ခိုင်မှုဟာ ခံနိုင်ရည်ရှိတာ ဒါမှမဟုတ် ဇွဲကောင်းတာကို ပြောတာပါ၊ သဘောကတော့ သင်မျှော်မှန်းထားတဲ့ ရည်မှန်းချက်တစ်ခုကိုရဖို့ ရေရှည်ကြိုးစားအားထုတ်နိုင်တာကို ပြောတာပါ။ အမေရိကန်စိတ်ပညာရှင် Angela Ducksworth ကလည်း ဒီအကြောင်းအရာကို သုတေသနလုပ်လာတာ ကြာပါပြီ၊ သူက ကျောင်းတွေ၊ ကောလိပ်တွေ၊ စစ်သန်တန်းကျောင်းနဲ့ ကလေးတွေရဲ့စာလုံးပေါင်းသတ်ပုံရေးနည်းတွေကို ကြည့်ပြီးတော့ သူတို့ရဲ့စိတ်ပညာနဲ့ ဘယ်သူကအောင်မြင်အောင်ဆောင်ရွက်ပြီး ဘယ်သူက မလုပ်ဆောင်နိုင်ဘူးလဲဆိုတာကို ဆုံးဖြတ်ပါတယ်။ ရလဒ်ကတော့ အံ့သြစရာပါပဲ၊ measurable intelligence၊ IQ က အဓိကအချက်အနေနဲ့မပါဝင်ဘဲ IQ ပိုမြင့်တဲ့သူက တစ်ခါတလေပိုပြီးဆိုးပါတယ်။ အနာဂတ်မှာ အောင်မြင်မလား ရှုံးနိမ့်မလားကို တိုင်းတာနိုင်တဲ့ တစ်ခုတည်းသော ကိုယ်ရည်ကိုယ်သွေးကတော့ စိတ်ဓာတ်ကြံ့ခိုင်မှုပါပဲ။

စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း နောက်ထပ်သဘောတရားတစ်ခုဖြစ်တဲ့ စိတ်ဓာတ်ကြီးမြင့်ခြင်းနဲ့အပြောင်းအလဲမရှိခြင်းဆိုတဲ့ သဘောတရားနဲ့ပါ။ ဒါတွေဟာ စိတ်ပညာရှင် Carol Dweck ရဲ့ သုတေသနကနေရရှိထားတာဖြစ်ပြီး လူတစ်ယောက်ရဲ့မသိစိတ်က သဘာဝစွမ်းရည်တွေနဲ့ အရည်အချင်းတွေကို ဖော်ပြနေတယ်ဆိုပြီး ပြသခဲ့ပါတယ်။ စိတ်အပြောင်းအလဲမရှိတဲ့ လူတစ်ယောက်ရဲ့ intelligence၊ talent နဲ့တခြားအလားတူစွမ်းရည်တွေဟာ တစ်သမတ်တည်းရှိပါတယ်၊ တကယ်လို့ သင်မှာ ဒီအရည်အချင်းတွေသာ အတိုင်းအတာတစ်ခုထိရှိတယ်ဆိုရင် ဒီအတိုင်းအတာဟာ ဘဝတစ်လျှောက်လုံးမှာ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ စိတ်ဓာတ်ကြီးမြင့်တဲ့ လူတွေဟာ ဒီအရည်အချင်းတွေကို တိုးတက်အောင်လုပ်လို့ရတယ်လို့ ခံစားမိနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ဒီအရည်အချင်းတွေကို တိုးတက်အောင်လုပ်ချင်နေသရွေ့တော့ သင်က အရင်ကထက်ပိုတော် ပိုကျွမ်းကျင်တဲ့သူဖြစ်လာဦးမှာ အသေအချာပါပဲ။

impossible text နဲ့ ကောင်းကင်ပြာရှေ့က ခုန်နေတဲ့ အမျိုးသား

အတွေးအခေါ်မှာ မတူညီမှုတွေက ကလေးဘဝမှာ ပိုပြီးသိသာထင်ရှားပြီး အသက် ၄ နှစ်ကနေစပြီး ဒါကိုလေ့လာနိုင်ပါတယ်။ ဒါဟာ လူတစ်ယောက်က အလုပ်နဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေ၊ အောင်မြင်မှုနဲ့ ကျရှုံးမှုစတဲ့အချက်တွေကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

တကယ်လို့ စိတ်မပြောင်းလဲတတ်တဲ့ကလေးဟာ တာဝန်တစ်ခုကို မအောင်မြင်ဘူးဆိုရင် သူတို့ဟာ သိပ်မတော်သေးလို့ ဒါမှမဟုတ် စွမ်းရည်မရှိသေးတာကြောင့် ဖြစ်ပြီး ဒီအတွက် သူတို့ဘာမှမလုပ်နိုင်ဘူးလို့ ကောက်ချက်ချပါလိမ့်မယ်။ သူတို့ဟာ စိန်ခေါ်မှုတွေကို ရှောင်ရှားပြီး၊ သူတို့ဟာ ခက်ခဲတဲ့အလုပ်တွေက အားစိုက်ထုတ်ရတာများပြီး ကျရှုံးနိုင်ခြေရှိတာကြောင့် ကြိုးစားအားထုတ်စရာမလိုတဲ့ အရာတွေကိုသာ လုပ်ဆောင်ပြီး ဒီအတွက်တော့ သူတို့မှာ ဘာခံစားချက်မှ ရှိမှာမဟုတ်ပါဘူး။

စိတ်ထားကြီးမြင့်တဲ့ကလေးတွေကတော့ အဆက်မပြတ်ကြိုးပမ်းအားထုတ်တဲ့အခါ ဒီစွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်နိုင်တာကို စိတ်ထဲကနေ သိရှိကြပါတယ်။ တကယ်လို့ သူတို့က တစ်ခုခုမှာအောင်မြင်သွားရင် သူတို့ ဒီထက်ပိုပြီး တိုးတက်အောင်လို့ နောက်ထပ် ပိုပြီးခက်ခဲတဲ့တာဝန်အသစ်တစ်ခုကို ထပ်ပြီးရှာဖွေသွားမှာဖြစ်ပါတယ်။ သူတို့က မေးစရာရှိမေးပြီး အကူအညီတောင်းဖို့ ဝန်မလေးသလို ဒါဟာ ပင်ကိုစွမ်းရည်မရှိတာ ဒါမှမဟုတ် အားနည်းချက်တစ်ခုလို့ မမှတ်ယူဘဲ သူတို့ပိုပြီးတိုးတက်အောင် လုပ်ပေးတဲ့အရာလို့ပဲ မှတ်ယူကြမှာဖြစ်ပါတယ်။

ဒီတော့ ကလေးတွေရဲ့အောင်မြင်မှုဟာ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ စိတ်သဘောထားကြီးမြင့်မှုနဲ့ တွဲဆက်နေပါတယ်။ မိဘတိုင်းမှာ တူညီတဲ့မေးခွန်းတစ်ခုရှိပါတယ်၊ ကိုယ့်ကလေးရဲ့ စိတ်ထားနဲ့ ကြံ့ခိုင်မှုအတွက် ဘယ်လိုပြောင်းလဲနိုင်မလဲ။ သူတို့ပိုပြီးအောင်မြင်လာအောင် ဘယ်လိုကူညီပေးနိုင်မလဲ။

သင့်အတွက် အသုံးဝင်တဲ့နည်းလမ်းတစ်ခုကတော့ ဒီစိတ်ထားနှစ်ခုနဲ့ပတ်သက်ပြီးသင့်ကလေးနဲ့စကားပြောဖို့ပါပဲ။ စိတ်ထားမြင့်မြတ်တာနဲ့ စိတ်ဓာတ်မပြောင်းလဲတဲ့အပေါ် လူတွေရဲ့အမြင်ကိုရှင်းပြပါ၊ နောက်ပြီး ကျွန်တော်တို့ရဲ့ စိတ်ထားတွေကို ပြောင်းလဲနိုင်ပြီး ကိုယ့်ဘဝအပေါ်မှာလည်း ဒါက အကျိုးသက်ရောက်မှုရှိတဲ့အကြောင်း၊ အခုကျွန်တော်တို့ကြုံနေရတဲ့ အခြေအနေ၊ စွမ်းဆောင်ရည်စတာတွေနဲ့ ကျွန်တော်တို့ကို သတ်မှတ်လို့မရတဲ့အကြောင်းတွေကို ရှင်းပြပါ။ ကျောင်းတွင်းစမ်းသပ်မှုတစ်ခုမှာလည်း ဆရာတွေက ကလေးတွေကို ဒီစိတ်ထားနှစ်ခုအကြောင်းပြောပြီးနောက်ပိုင်း အတန်းတွင်း အပြုအမူတွေဟာ ပိုပြီးတော့ စိတ်ထားကြီးမြင့်တဲ့အမူအရာတွေဖြစ်လာတာကို တွေ့ရကြောင်း ပြသထားပါတယ်။ ဒါဟာ စိတ်ထားကြီးမြင့်မှုကို သင်ယူလေ့လာနိုင်တဲ့သဘောကို ပြသလိုက်တာပါ။

နောက်ထပ်အရေးကြီးတဲ့ အကြံပြုချက်ကတော့ တကယ်လို့ သင့်ကလေးကို ချီးကျူးတယ်ဆိုရင် (ချီးကျူးသင့်ပါတယ်) သူတို့ရဲ့ စွမ်းရည်ထက် ကြိုးပမ်းအားထုတ်မှုကို ချီးကျူးပါ။ စာမေးပွဲမှာ ဖြေနိုင်တာ သိပ်တော်တာပဲ ဆိုတာမျိုးထက် စာမေးပွဲကိုဖြေနိုင်အောင် ကောင်းကောင်းကြိုးစားခဲ့တာပဲလို့ ပြောပါ။ ပင်ကိုစွမ်းရည်နဲ့ ဉာဏ်ရည်ကို ချီးကျူးတာက ကလေးတွေကို မွေးရာပါ စွမ်းရည်ကိုသာ ချီးကျူးလိုက်တာဖြစ်ပြီး ဒါဟာ စိတ်ကို မပြောင်းလဲအောင် အားပေးလိုက်တဲ့သဘောသက်ရောက်သွားပါတယ်။

နောက်ပြီး ကျရှုံးမှုတွေနဲ့ အမှားတွေဟာ လမ်းဆုံးတစ်ခုဖြစ်တာမဟုတ်ကြောင်းကိုလည်း သင့်ကလေးကို သင်ပေးပါ။ ဒါတွေကို သူတို့ဖြတ်ကျော်နိုင်ပြီး ဒီတာဝန်နဲ့ပတ်သက်ပြီး သူတို့ရဲ့စွမ်းရည်နဲ့ စိတ်ဓာတ်ပိုင်းက ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်းကိုလည်း ပြောပြပါ။ ကလေးတွေဟာ သူတိုမိဘတွေဆီက အပြုအမူ၊ စိတ်နေစိတ်ထားစတာတွေကို အများဆုံးသင်ယူတတ်ကြတာမို့ သူတို့ကိုသင်ပေးဖို့ အကောင်းဆုံးနည်းကတော့ သင့်ရဲ့ဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး ဘယ်သူကိုမှ အပြစ်မတင် ရန်မလိုဘဲ တည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းပြတာပဲဖြစ်ပါတယ်။

Logiscool က project-based သင်ရိုးညွှန်းတမ်းကနေ ကလေးတွေကို အဖိုးတန်ဗဟုသုတတွေကိုသာ သင်ပေးရုံမက အောင်မြင်မှုနဲ့ ရေရှည်စိတ်အားတက်ကြွမှုရှိအောင်လည်း သင်ပေးပါတယ်။ ကလေးတွေဟာ သူတို့တာဝန်တွေကို လုပ်ဆောင်ရင်းနဲ့ အမှားတွေလည်း ကြုံနိုင်ပေမဲ့ ဒါကို နည်းမျိုးစုံနဲ့ ကျော်ဖြတ်နည်းကိုလည်း သူတို့တွေ သင်ယူရမှာပါ။ နောက်ပြီး သူတို့ပရောဂျက်တွေကို အချိန်မရွေး အဆုံးသတ်နိုင်အောင်လည်း သူတို့ ပိုပြီးကြိုးစားလာနိုင်မှာဖြစ်ပါတယ်။

သူတို့ဟာ အခက်အခဲတွေကို ပုံမှန်ရင်ဆိုင်ပြီး အနိုင်ယူလာနိုင်မှာဖြစ်သလို ဒီလိုအခက်အခဲတွေကို အနိုင်ယူလိုက်နိူင်တာက သူတို့ကို သူတို့ရွေးချယ်ထားတဲ့ programming၊ robotics နဲ့ တခြားဘာသာရပ်တွေမှာလည်း ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်လာနိုင်မှာပါ။ ဒါဟာ ကလေးတွေအတွက် ဒစ်ဂျစ်တယ်လောကမှာ အောင်မြင်မှုရစေနိုင်မှာဖြစ်လို့ ကျွန်တော်တို့အတွက်လည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ သင်တန်းတွေ၊ camps နဲ့ workshops တွေက ဘဝကို တိုးတက်အောင်မြင်ချင်တဲ့ ကလေးတွေကို စောင့်ကြိုနေပါတယ်။

နောက်ထပ် အချက်အလက်၊ https://www.logiscool.com/my-mm