တကယ်လို့များ သင့်ကလေးက robotics ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒါနဲ့ပတ်သက်ပြီး သိထားဖို့တော့ လိုပါပြီ

Coding & Tech
Logiscool
၂၇ စက် ၂၀၂၂

Robotics၊ အနာဂတ်ရဲ့ သိပ္ပံနယ်ပယ်တစ်ခုလို့ ဆိုရမှာဖြစ်ပေမဲ့လည်း လူတွေနဲ့အတူရှိလာတာကတော့ ရာစုနှစ်တစ်ခုနီးပါးရှိပါပြီ။ ပထမဆုံး robot ကို ၁၉၃၉ က World's Fair မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ ၁၉၆၁ မှာတော့ ပထမဆုံးလုပ်ငန်းသုံး robot ကို စပြီးအလုပ်ခိုင်းခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အရှိန်အဟုန်နဲ့ robotics ပညာကဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်။ ဒါကြောင့် မေးစရာကြီးတစ်ခုဖြစ်လာပါတယ်၊ ကလေးတွေကို robotics ပညာကို သင်ခိုင်းဖို့ ထိုက်တန်ရဲ့လားဆိုတာပါပဲ။

အဖြေကတော့ သိပ်ကို သင်ခိုင်းသင့်ပါတယ်ဆိုတဲ့အဖြေပါပဲ။ ဒါပေမဲ့ ဒီနေရာမှာ မေးစရာရှိတာက ဘယ်နေရာ၊ ဘယ်အချိန်မှာ ဘယ်လိုသင်ပေးမှာလဲဆိုတဲ့မေးခွန်းပါ။ ကျောင်းချိန်ပြင်ပအတန်းလား အားလပ်ရက်campမှာလား။ ဒါမှမဟုတ် သင်ရိုးညွှန်းတမ်းထဲမှာ robotics ပညာကိုထည့်သင့်လား။ ဒါဆို အချက်အလက်တွေကိုဖတ်ပြီး သင့်ရဲ့အမြင်ကိုကြည့်တာပေါ့။

Lego robot ကိုကြည့်နေတဲ့ မိန်းကလေးသုံးဦး

Robotics၊ လက်ရှိမှာ ရှိနေတဲ့ အနာဂတ်ရဲ့ပညာရပ်တစ်ခု

Robotics ဆိုတာ သိပ္ပံပညာရပ်အမျိုးမျိုးနဲ့ဆိုင်တဲ့နယ်ပယ်ဖြစ်ပြီး ဒီထဲမှာ IT၊ electromechanics နဲ့ သင်္ချာတို့ပါဝင်ပါတယ်။ ဒါ့အပြင် physics၊ biology၊ medicine၊ chemistry စတဲ့ အခြားသိပ္ပံဘာသာရပ်တွေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း ဒီမှာ အသုံးချနိုင်ပါသေးတယ်။ Robotics ဆိုတာ robot တွေကို တီထွင်တာနဲ့ တိုးတက်အောင်လုပ်တာတွေနဲ့ဆိုင်တဲ့ပညာဖြစ်ပါတယ်၊ အရင်ကတော့ ကွန်ပျူတာပရိုဂရမ်းမင်းတစ်ခုကနေ သူတို့ကို ခိုင်းစေတဲ့အလုပ်တွေကို လုပ်ဆောင်ပေးနိုင်တဲ့ လျှပ်စစ်မီးသုံး စက်ကိရိယာဆိုလည်း မမှားပါဘူး။ Robot တွေဟာ လူတွေရဲ့အမိန့် ဒါမှမဟုတ် ကွန်ပျူတာထိန်းချုပ်မှုနဲ့ အလုပ်လုပ်ကြပါတယ်။ ဒါပေမဲ့ AI ပါတဲ့ robot တွေကတော့ သူတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အစွမ်းရှိပါတယ်။

အခုခေတ်တွင်ပင် ဒီလိုမျိုးတွေရှိနေပါပြီ။ ဒါဆိုအနာဂတ်မှာရော ဘာတွေဖြစ်လာဦးမလဲ။ ဒီထက်ပိုပြီးအဆင့်မြင့်တဲ့ robotics ပညာက နောက်မျိုးဆက်သစ်တွေရဲ့ နေ့စဥ်ဘဝကိုတောင် ဆုံးဖြတ်ပေးနိုင်တော့မှာပါ။

ဒီတော့ သင်တို့သားသမီးတွေကို ငယ်စဥ်မှာပဲ robotics holiday camp ဒါမှမဟုတ် ကျောင်းချိန်ပြင်ပအတန်းတက်ခိုင်းဖို့ စဉ်းစားနေပါသလား။ နောက်ထပ်ဖတ်ကြည့်ပြီး စဥ်းစားကြည့်လိုက်ပါ။

Lego robot ကိုကြည့်နေတဲ့ လက်တော့နဲ့ ကောင်လေးနှစ်ယောက်

လူသားတွေအတွက် လုံးဝစိန်ခေါ်မှုအသစ်၊ Robots

ROBOTS ဆိုတဲ့စကားရပ်ထဲမှာ ပရိုဂရမ်သွင်းထားတဲ့ လျှပ်စစ်စက်ပစ္စည်းအမျိုးမျိုးပါဝင်ပါတယ်။ Robots တွေကို အသုံးပြုပုံတွေနဲ့ အမျိုးအစားခွဲထားလို့ရပါတယ်၊

  • Function

  • Mobility

  • Autonomy

  • Application of AI

  • Outfit (humanoid or not humanoid robots)

Function မှာတော့ robots ရဲ့အရေးကြီးဆုံးအမျိုးအစားကတော့၊

  • လုပ်ငန်းသုံး robots

  • ဝန်ဆောင်မှုကဏ္ဍသုံး robots

  • ဆေးဘက်ဆိုင်ရာသုံး robots

  • အိမ် သို့မဟုတ် အိမ်မှုကိစ္စသုံး robots

  • အာကာသသုံး robots

  • ဖျော်ဖြေရေးအတွက်သုံး robots

  • စစ်တပ်သုံးrobots

  • ဝါသနာအရနှင့် ပြိုင်ပွဲများတွင်သုံး robots တို့ဖြစ်ပါတယ်

robotics ပညာရှင်တွေကတော့ robots တွေရဲ့စွမ်းရည်နဲ့ အရည်အချင်းကို အမြဲမပြတ်တိုးတက်အောင် ကြံဆောင်နေပါတယ်။ Robot တွေ တည်ဆောက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ သီးခြားနေရာ၊ ထူးဆန်းပြီး အန္တရာယ်များတဲ့နေရာ၊ ထပ်ကာတလဲလဲလုပ်ရတဲ့အလုပ်နေရာ စတဲ့ စေ့စပ်တိကျမှု လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ robotics ဟာ လူ့သမိုင်းမှာ အကြီးကျယ်အောင်မြင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။

အထူးသဖြင့် နောင်လာမယ့်မျိုးဆက်တွေဟာ သူတို့ကို ဘေးအန္တရာယ်မရှိဘဲ ဘယ်လိုမျိုးအကျိုးရှိအောင် အသုံးပြုနိုင်မလဲဆိုတာကို လေ့လာထားသင့်ပါတယ်။ ဒါဟာ ကလေးတွေကို ငယ်ငယ်တည်းက robotics ကို သင်ပေးထားသင့်တဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒီပညာက ရှုပ်ထွေးပေမဲ့လည်း robotics holiday campမှာတော့ ကလေးတွေဟာ သူတို့ကို robotics နဲ့ပတ်သက်ပြီး ပိုပြီးဗဟုသုတတွေ တိုးစေမယ့် အခြေခံအချက်တွေကို လေ့လာရမှာပါ၊ ကျောင်းချိန်ပြင်ပသင်တန်းများမှာလည်း လေ့လာနိုင်ဦးမှာပါ။

small robot တစ်ခုကို တည်ဆောက်နေတဲ့ ကောင်လေးနဲ့ ကောင်မလေး

ကလေးများအတွက် Robotics

ကလေးလေးတွေရဲ့ တီထွင်မှုနဲ့ စိတ်ကူးတွေဟာ အကန့်အသတ်မရှိများပြားပါတယ်။ ဒီစိတ်ကူးစိတ်သန်းတွေကို အနာဂတ်မှာ အောင်မြင်နိုင်ဖို့ ဆက်ပြီးထိန်းသွားသင့်ပါတယ်။ ဒါဟာ ကလေးတွေကို holiday campsနဲ့ ကျောင်းချိန်ပြင်ပ robotics သင်ပေးရတဲ့ အဓိကအကြောင်းအရင်းပါပဲ။

Robotics ဆိုတာကတော့ တကယ့်စိတ်ကူးကောင်းကောင်းတွေ လိုအပ်ပြီး အခက်အခဲများတဲ့ အလုပ်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီပညာက ရှုပ်ထွေးပေမဲ့လည်း သေသေချာချာသင်ပေးမယ်ဆိုရင် သင်တစ်ခါမှ မကြုံဖူးလောက်အောင်ကို အလွယ်တကူနဲ့ သင်ယူတတ်မြောက်သွားမှာပါ။ ကလေးတွေကိုလည်း ကျောင်းချိန်ပြင်ပ သင်ရိုးတွေမှာ သင်ပေးနိုင်သလို holiday campsတွေမှာ မိတ်ဆက်ပေးလို့ရပါတယ်။

သင့်ကလေးအတွက် ဒီ robotics ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် သင်ပေးလို့ရပါတယ်။ အဓိကလိုအပ်ချက်တွေကိုတော့ ဒီမှာရှာကြည့်လို့ရပါတယ်၊

  • ဆော့ကစားရင်း သင်ပေးခြင်း

  • လက်တွေ့လုပ်ရမယ့် သင်ရိုးညွှန်းတမ်း

  • သင်ထောက်ကူပစ္စည်းတွေကို ကျင်ကျင်လည်လည်အသုံးပြုနိုင်ခြင်း

  • ကလေးတွေရဲ့ တီထွင်စိတ်ကူးတွေကို လွတ်လပ်ခွင့်ပေးထားခြင်း

  • robotics ကို သင်ယူဖို့အတွက် စိတ်အားတက်ကြွမှုတွေပေးထားခြင်း (ဂိမ်းတွေ၊ ပြိုင်ပွဲတွေ)

Table တစ်လုံးကို ကြည့်နေတဲ့ ပန်းရောင်တီရှပ်ဝတ်ထားတဲ့ ကောင်မလေးနဲ့ မျက်မှန်တပ်ထားတဲ့ နည်းပြတစ်ဦး

Logiscool မှာ အသက်ငယ်ရွယ်တဲ့ နည်းပြတွေဟာ robotics နဲ့ပတ်သက်ပြီး ဗဟုသုတွေ၊ အတွေ့အကြုံတွေ အများကြီးရှိကြပါတယ်။ သူတို့အသက်အရွယ်ကြောင့်လည်း ဒီ robotics ကိုသင်ယူနေတဲ့ ကလေးတွေရဲ့ လိုအပ်ချက်ကို သိမြင်နိုင်ပါတယ်။

Logiscool က holiday camps နဲ့ ကျောင်းချိန်ပြင်ပသင်တန်း စတဲ့အတန်းတွေနဲ့ robotics ပညာကို ထိထိရောက်ရောက် သင်ကြားပေးဖို့ စီစဥ်ပေးထားပါတယ်။ နောက်ပြီး Digital Discovery သင်ရိုးညွှန်းတမ်းရဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ကလေးတွေဟာ coding အကြောင်းကို ပိုပြီးနားလည်သွားအောင် robots တွေကို ပရိုဂရမ်ရေးရပါတယ်။ ဒီပညာရေးအတွက်တော့ Logiscool က LEGO၊ Cozmo၊ mBot နဲ့ Bee Bot robotics တွေကို အသုံးပြုပေးထားပါတယ်။

Robots robotics၊ သူတို့က အနာဂတ်အတွက်သာ မဟုတ်ပါဘူး၊ လက်ရှိမှာကို အသုံးပြုနေကြပါပြီ။ ဒီနေ့ခေတ်မိဘတွေကတော့ သူတို့ကို အလွန်အမင်း အသုံးမပြုမိအောင် ရှောင်လို့ရကောင်းရနိုင်ပေမဲ့ သူတို့သားသမီးတွေကတော့ robots, robotics ပညာကိုတော့ လျစ်လျူရှုလို့မရပါဘူး။ နောက်မျိုးဆက်တွေအနေနဲ့ စက်ရုပ်ကမ္ဘာနဲ့ အသားကျဖို့အတွက်ဆိုရင် ပထမဆုံးခြေလှမ်းတွေကို အခုပဲ စတင်လိုက်သင့်ပါပြီ။ Logiscool ရဲ့ ကျောင်းချိန်ပြင်ပသင်တန်းတွေ၊ holiday campsနဲ့ workshops တွေမှာ robotics အကြောင်း ပျော်စရာကောင်းတဲ့နည်းလမ်းနဲ့ သင်နေတာကို လာရောက်လေ့လာပြီး သင့်ကလေးအတွက် အနာဂတ်ကို ကျွန်တော်တို့နဲ့အတူ လမ်းခင်းပေးလိုက်ပါ။ နောက်ထပ်ပိုပြီးသိချင်ရင်တော့ ဒီကိုနှိပ်ပါ၊ www.logiscool.com