Programming အကြောင်း သိစေဖို့: ဒါကဘာလဲ၊ ဘာအတွက်အသုံး၀င်သလဲ

Coding & Tech
Logiscool
၁၂ အောက် ၂၀၂၃

Programmingသည် ကွန်ပျူတာကို ပြဿနာတစ်ခုဖြေရှင်းရန် စေခိုင်းတာဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ စက်တစ်ခုကို algorithm နည်းနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ခေတ်သစ်ကမ္ဘာမှာ programmingက အရင်ကမဖြစ်နိုင်ဘူးလို့တွေးခဲ့ကြတဲ့ နည်းလမ်းတစ်ခုဖြင့် ကွန်ပျူတာနဲ့ကျွန်တော်တို့ကြား ပြောဆိုဆက်သွယ်နိုင်အောင် စွမ်းဆောင်ပေးပါတယ်။ကျွန်တော်တို့တွေ သုတေသနတွေလုပ်နိုင်အောင်၊ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုအသစ်တွေ ဒီဇိုင်းထွင်နိုင်အောင်၊ ငွေကြေးကို စီမံခန့်ခွဲနိုင်အောင်၊ ကမ္ဘာရဲ့တခြားတစ်ဖက်ခြမ်းကလူတွေနဲ့ ဆက်သွယ်နိုင်အောင်လို့ ကူညီပေးပါတယ်။

တဖြည်းဖြည်းနဲ့ ဒစ်ဂျစ်တယ်ကမ္ဘာကြီးဖြစ်လာတဲ့ ဒီနေ့ခေတ်ကမ္ဘာမှာ ကျောင်းသားတွေဟာလည်း သူများတွေနဲ့အပြိုင်အဆိုင် ရင်ပေါင်တန်းနိုင်အောင် computer coding စွမ်းရည်တွေကို စောစောစီးစီးသင်ယူထားသင့်ပါတယ်။ ဒီလိုမျိုးစွမ်းရည်တွေက ကလေးတွေအတွက် ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်ကို တိုးစေရုံသာမက သက်ဆိုင်ရာ စွမ်းရည်တွေကိုလည်း ပံ့ပိုးပေးသွားဦးမှာပါ။ ဒီဆောင်းပါးထဲမှာတော့ programming အကြောင်း သင်သိထားသင့်တဲ့အရာမှန်သမျှကို စုဆောင်းပေးထားပါတယ်။

programming ဆိုတာဘာလဲ?

Computer programming ထဲမှာ သတ်မှတ်တာဝန်တွေကို ဆောင်ရွက်နိုင်ဖို့ ကွန်ပျူတာတစ်လုံးကို အမိန့်ပေးစေခိုင်းနိုင်တဲ့ writing instructions ပါဝင်ပါတယ်။ဒါကိုတော့ Python ဒါမှမဟုတ် JavaScript လိုမျိုး computer programming ဘာသာစကားအမျိုးမျိုးကို အသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်။

online သင်တန်းမှာ programming ကိုအတူတူသင်ယူနေတဲ့ လူငယ်များ

programming languages ရဲ့ သမိုင်းကြောင်း

သေချာတာတစ်ခုကတော့ programming languages တွေဟာ အချိန်တိုအတွင်းမှာပဲ အတော်ခရီးပေါက်ခဲ့တာပါ။ အောက်ပါအချက်တွေကတော့ coding languages ရဲ့ အချိန်ကာလဖြစ်ပြီး အရေးကြီးဆုံး အောင်မြင်မှုတွေကို အလေးပေးဖော်ပြထားတာပါ၊

  • ပထမဆုံး programming languageကို ၁၈၈၃ ခုနှစ်မှာ primitive mechanical computer အတွက် တီထွင်ခဲ့ပါတယ်။

  • Autocode ကိုတော့ ၁၉၅၂ မှာ တီထွင်ခဲ့ပါတယ်။ ဒါဟာ machine code ထဲကို တိုက်ရိုက်ဘာသာပြန်နိုင်တဲ့ ပထမဆုံးပေါင်းစပ်ထားတဲ့ computer coding language လို့ မှတ်ယူလို့ရပါတယ်။

  • ၁၉၅၇ မှာတော့ FORTRAN ကို ဖန်တီးခဲ့ပါတယ်။ ဒါကတော့ mathematical၊ scientific နဲ့ statistical ပရောဂျက်တွေနဲ့အတူအလုပ်လုပ်ဖို့အတွက် computer coding language ဖြစ်ပါတယ်။

  • ၁၉၇၂ မှာ C ကိုတီထွင်ခဲ့ပြီး ဒါကတော့ code language ထက် လူတွေရဲ့ဘာသာစကားနဲ့ပိုပြီးနီးစပ်တဲ့အတွက် ပထမဆုံးအဆင့်မြင့် ပရိုဂရမ်းမင်းဘာသာစကားလို့ မှတ်ယူလို့ရပါတယ်။

  • Objective-C ကိုတော့ ၁၉၈၃ မှာ Apple software ရေးဖို့ အဓိကဘာသာစကားအဖြစ် တီထွင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ C++ ကိုဆက်ပြီး တီထွင်ခဲ့ပါတယ်။ ဒါက C coding language ကို ထပ်ချဲ့ထားတာပဲဖြစ်ပြီး ကမ္ဘာမှာ ဒုတိယအများဆုံးအသုံးပြုတဲ့ ဘာသာစကားပဲဖြစ်ပါတယ်

  • Python ကိုတော့ ၁၉၉၁ မှာ တီထွင်ခဲ့ပါတယ်။

  • ၁၉၉၅ မှာတော့ PHP၊ Ruby နဲ့အတူ Java ကို ဖန်တီးခဲ့ပါတယ်။

  • ၂၀၀၀ မှာတော့ Microsoft ကနေ C#၊ combination of C++ နဲ့ Visual Basic တွေကို ဖန်တီးခဲ့ပါတယ်။

  • ၂၀၀၃ မှာ Scala ကိုဖန်တီးခဲ့တယ်။

  • ၂၀၀၉ မှာ Google ကနေ Go ကို တီထွင်ခဲ့ပါတယ်။

  • ၂၀၁၄ မှာတော့ Apple က Swift ကိုတီထွင်ခဲ့ပါတယ်။

ဒီနေ့ခေတ် ပရိုဂရမ်းမင်းဘာသာစကားတွေဟာ ဟိုအရင်က coding languages မှာသုံးခဲ့တဲ့ အယူအဆတွေအပေါ် အခြေခံထားတာပါ။

programming က ဘာလို့အရေးကြီးတာလဲ?

Programming ကြောင့် သင်ဟာ သင့်အကြိုက်ဆုံး websites တွေကို ရှာကြည့်နိုင်တာ၊ applications အမျိုးမျိုးကနေတစ်ဆင့် သူငယ်ချင်းတွေနဲ့ဆက်သွယ်နိုင်တာ၊ အစားအသောက်မှာယူနိုင်တာတွေအပြင် အားလပ်ချိန်မှာ ဆိုရှယ်မီဒီယာတွေကို ကြည့်တာတွေပါ လုပ်နိုင်ပါတယ်။ နောက်ပြီး စီးပွားရေးလုပ်ငန်းတွေကိုပါ အကူအညီပေးနိုင်တဲ့အပြင် အာကာသစူးစမ်းရှာဖွေမှုကိုပါ ပိုပြီးထိထိရောက်ရောက်ဖြစ်အောင် ကူညီပေးနိုင်ပါသေးတယ်။

  • C လိုမျိုး သီးသန့် ပရိုဂရမ်းမင်းဘာသာစကားတွေကိုတော့ robotics မှာအသုံးပြုသလို computer operating system တည်ဆောက်ရာမှာလည်း အသုံးပြုပါတယ်။

  • ကွန်ပျူတာဘာသာစကားအများစုကိုတော့ websites၊ games တွေနဲ့ Java ဒါမှမဟုတ် Html လို mobile applications တွေတည်ဆောက်ဖို့အတွက် အသုံးပြုထားပါတယ်။ နောက်ပြီး သူတို့ကို ဆေးဘက်ဆိုင်ရာ နည်းပညာတွေနဲ့ အလိုအလျောက်မောင်းနှင်မှုစနစ်တွေမှာလည်း အသုံးပြုထားပြီး ဒီလိုနယ်ပယ်တွေမှာတော့ C၊ SQL၊ R နဲ့ Python တို့က အရေးအကြီးဆုံးဖြစ်ပါတယ်။

  • Java က မရေတွက်နိုင်အောက် မှတ်တမ်းတွေကို ကိုင်တွယ်ထားသလို အချက်အလက်အများအပြားနဲ့ပတ်သက်ပြီး analytics တွေလုပ်ဆောင်ပေးပြီး Android phones တွေအတွက် အဓိက tool အဖြစ်လည်း အသုံးတော်ခံထားပါတယ်။

  • R နဲ့ Python ကိုတော့ အဆင့်မြင့် analytics နဲ့ data science တွေအတွက် အသုံးပြုထားပါတယ်။ ဒီပရိုဂရမ်းမင်းဘာသာစကားတွေဟာ အဆင့်မြင့် artificial intelligenceအခြေပြု machine learning models တွေကို တီထွင်ဖန်တီးနိုင်အောင် စွမ်းဆောင်ပေးပါတယ်။

programming ရဲ့ အကျိုးကျေးဇူးများ

Programming ဆို ပညာရပ်အသစ်တစ်ခုဖြစ်ပါတယ်။ငယ်စဥ်တည်းက သင်ယူထားမယ်ဆိုရင် critical နဲ့ logical thinking တွေ အားကောင်းလာမှာပါ။ Coding Class တွင်ပါဝင်ခြင်းဟာ ယုတ္တိဗေဒနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှုကဲ့သို့ အခြားအရေးကြီးသော ကျွမ်းကျင်မှုတွေကို တိုးတက်စေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပြီးကလေးများကို ပူးပေါင်းလုပ်ဆောင်ခြင်း၊ အဖွဲ့လိုက်လုပ်ဆောင်ခြင်းစတဲ့ လူမှုဆက်ဆံရေးအစွမ်းတွေကို ရသွားစေသလို ပညာရေးမှာလည်း ကောင်းကောင်းစွမ်းဆောင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

computer code တွေ ရေးရတဲ့အခါမှာ အမှားလုပ်မိတာတွေ၊ စမ်းသပ်လုပ်ဆောင်ရတာတွေ၊ နမူနာတွေနဲ့ အမှားကို အမှန်ပြင်ရတာတွေ ပါဝင်တာကြောင့် ကလေးတွေဟာ ပြဿနာဖြေရှင်းရာမှာ ဇွဲကောင်းကောင်းနဲ့ ပိုပြီးကောင်းကောင်းဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။ Coding က ရှုပ်ထွေးနေတဲ့ စိတ်ကူးအကြံတွေနဲ့ ပြဿနာရပ်တွေကို တစ်ခုစီ ခွဲထုတ်ပြီး ဖြေရှင်းလို့ရတဲ့အဆင့်အထိရအောင် လုပ်ဆောင်ပေးနိုင်တာကြောင့် ပြဿနာဖြေရှင်းမှုစွမ်းရည်တွေကို တိုးတက်စေပါတယ်။

ဒီလို အကျိုးကျေးဇူးတွေကို ကောင်းကောင်းအသုံးချဖို့အတွက် ငယ်ငယ်တည်းက programming ကို စပြီးသင်ယူတာ အကောင်းဆုံးဖြစ်ပါတယ်။

programming ရဲ့အနာဂတ်

Computer programming က စက်မှုလုပ်ငန်းအမျိုးအစားအားလုံးကို တီထွင်ဖန်တီးမှုတွေ ပေးစွမ်းတဲ့အပြင် ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝတွေကိုလည်း ပြောင်းလဲပေးနေပါတယ်။ရလဒ်အဖြစ်ကတော့ coding အသိပညာရပ်က အလုပ်ရှာနေသူတွေအတွက်တော့ လမ်ကြောင်းများစွာကို ဖွင့်ပေးထားတဲ့ တံခါးပေါက်တစ်ခုလိုဖြစ်စေပါတယ်။Software program developer အလုပ်အကိုင်တွေဟာ ၂၀၂၈ မှာ ၂၁ ရာခိုင်နှုန်းအထိ တိုးလာမယ်လို့ မျှော်မှန်းထားကြပါတယ်။

Artificial intelligence ကလည်း ဒီနယ်ပယ်မှာ ပိုပြီးတော့ ပါဝင်ပတ်သက်မှုရှိလာပါပြီ။ လုပ်ငန်းဆောင်တာတွေကို စက်ပစ္စည်းတွေသုံးပြီးလည်ပတ်နိုင်တဲ့အတွက်ကြောင့် နည်းပညာကို အရှိန်အဟုန်မြင့်အသုံးပြုလာကြတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေလည်း ပိုပိုပြီးတော့ များလာပါတယ်။ ဒါကြောင့် coding ကဏ္ဍမှာ အပြောင်းအလဲဖြစ်လာနိုင်သလို ဒီနယ်ပယ်အတွက် ပညာရှင်တွေလည်း အများကြီးလိုအပ်လာဦးမှာပါ။

Programming က ကလေးတွေကို အဖိုးတန်တဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်စေပြီး ဒီစွမ်းရည်တွေကို ကျောင်းမှာနဲ့ သူတို့အနာဂတ်မှာ ပြန်ပြီးတော့ အသုံးချနိုင်မှာပါ။ တကယ်လို့ သင်က နောက်တစ်လှမ်းလှမ်းဖို့ အသင့်ဖြစ်နေပြီဆိုရင် ကလေးတွေရဲ့ အသက်နဲ့ကိုက်ညီတဲ့ coding အတန်းတွေကို Logiscool မှာ သင်ယူနိုင်ပါတယ်