သင့်ရဲ့ကလေးကို ဗီဒီယိုတည်းဖြတ်ခြင်းတွေမှာ အောင်မြင်စေဖို့ ကူညီပေးနိုင်တဲ့ အချက် ၇ ချက်

Digitalization
Logiscool
၁ ဖေ ၂၀၂၃

လွန်ခဲ့သော ဆယ်စုနှစ်အတွင်းတွင် digital content - အထူးသဖြင့် video content တွေ ဖန်တီးခြင်း၊ မျှဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာဓလေ့နှင့် အရေးပါမှုများဟာ လုံးဝပြောင်းလဲသွားခဲ့ပါပြီ။ ရုပ်ရှင်များနှင့် ဗီဒီယိုများကို ထုတ်လုပ်ခြင်းသည် ရုပ်ရှင်နှင့် ကြော်ငြာများကိုထုတ်လုပ်သည့် ကုမ္ပဏီကြီးများ၏ အထူးအခွင့်အရေးတစ်ရပ်ပဲ မဟုတ်တော့ပါဘူး။ အွန်လိုင်းပေါ်မှကြည့်ရှုသူတွေဆီပေးပို့နိုင်တဲ့ အကြောင်းအရာတွေကို ဖန်တီးခြင်းနှင့် မျှဝေခြင်းတို့ကို မည်သူမဆို ပြုလုပ်နိုင်နေပါပြီ။ ရုပ်ပုံများနဲ့ ဗီဒီယိုအကြောင်းအရာများဟာ ယနေ့ခေတ်ရဲ့ အရေးအကြီးဆုံး ဆက်သွယ်ရေးနှင့် ရောင်းဝယ်ရေးလမ်းကြောင်းများ ဖြစ်နေသည့်အတွက် ဗီဒီယိုထုတ်လုပ်ခြင်းနှင့် ဗီဒီယိုတည်းဖြတ်ခြင်းစွမ်းရည်ရှိထားသူများဟာ အကျိုးကျေးဇူးများစွာ ရနိုင်မှာဖြစ်ပါတယ်။

ယနေ့ခေတ် ခေတ်မီကိရိယာများကြောင့် ကလေးများဟာ ဒစ်ဂျစ်တယ်ပုံပြင်ဇာတ်လမ်းပြောဆိုခြင်းနှင့် ဗီဒီယိုတည်းဖြတ်ခြင်းတို့ကို အလွယ်တကူသင်ယူနိုင်သည်ဟု မိဘမျာပိုမို သိရှိလာကြပါတယ်။ ကျွန်တော်တို့ရဲ့ နှစ်ပေါင်းများစွာအတွေ့အကြုံတွေအပေါ် အခြေခံပြီး ဒီ blog ဆောင်းပါးမှာတော့ သင့်ကလေအား ဗီဒီယိုတည်းဖြတ်ခြင်းပညာရပ်ကိုလေ့လာရာမှာ ပိုမိုမြန်ဆန်စေနိုင်မယ့် အချက် ၇ ချက်ကို စုဆောင်းဖော်ပြပေးထားပါသည်။

ကလေးများအတွက် ဒစ်ဂျစ်တယ်ဖန်တီးခြင်းနှင့် ဗီဒီယိုတည်းဖြတ်ခြင်းများ - ဘယ်အရာတွေကို သိထားဖို့ လိုပါသလဲ?

Logiscool မှာ ကလေးတွေအတွက် အသုံးအဝင်ဆုံး ဗဟုသုတများနှင့် စွမ်းရည်များကို အမြဲမပြတ်သင်ကြားပေးနိုင်အောင် နောက်ဆုံးရေပန်းစားနေတဲ့ ဒစ်ဂျစ်တယ်နဲ့ နည်းပညာပိုင်းဆိုင်သတင်းတွေကို အမြဲစောင့်ကြည့်ပြီးအသုံးချနိုင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းနေပါတယ်။ Coding သင်တန်းများအပြင် ကလေးများအနေဖြင့် ဆန်းသစ်တီထွင်သော ဇာတ်လမ်းပုံပြင်ဖန်တီးပြောဆိုခြင်းနှင့် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုစွမ်းရည်များ တိုးတက်လာပြီး အတွင်းကျကျသိသွားစေရန် အခွင့်အလမ်းပေါင်းများစွာကိုလည်း ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ Video Production သင်တန်းကို ၉ နှစ်အထက်ကလေးများတက်ရောက်ရန် အကြံပြုလိုပြီး ဒီအတွက် လိုအပ်ချက်တွေ အရင်အတွေ့အကြုံတွေ မလိုဘဲ တက်ရောက်နိုင်ပါတယ်။ ဒီအတန်းကို စာသင်ခန်းနှင့် အွန်လိုင်းနှစ်မျိုးလုံးတွင် အဖွဲ့ငယ်များဖြင့် သင်ကြားပို့ချသွားမှာပါ။ ကလေးများသည် ရုပ်ရှင်ဖန်တီးမှုဆိုင်ရာ အခြေခံအချက်များ၊ ဗီဒီယိုတည်းဖြတ်ခြင်းနှင့် ၎င်းတို့ဖန်တီးထားသောဗီဒီယိုများတွင် ၎င်းတို့ကိုယ်တိုင် မည်သို့ဖော်ပြပြီး ဇာတ်လမ်းကို ပြောပြနည်းများကဲ့သို့ အသုံးဝင်သော အဖိုးတန်ဗဟုသုတများစွာ ရရှိနိုင်ပါသည်။

၁။ ရုပ်ရှင်သီအိုရီ၏ အခြေခံအချက်များကို လေ့လာခြင်း

ကလေးများအနေဖြင့် ဗီဒီယိုတည်းဖြတ်ခြင်းသင်ရိုးညွှန်းတမ်းကို နားလည်ရန်အတွက် ရုပ်ရှင်သီအိုရီ၏ အဓိကအရေးပါသည့် အခြေခံအချက်များကို လေ့လာထားရန်လိုအပ်သည်။ Logiscool တွင် ကျောင်းသားများအနေဖြင့် အဆင့်နှင့် အသက်အရွယ်အလိုက် အတန်း၏ အရေးကြီးသောအချက်များကို တစ်ဆင့်စီလေ့လာသွားနိုင်စေရန် ကျွန်တော်တို့က သေချာဂရုစိုက်ပေးထားပါတယ်။ အောင်မြင်သော ဗီဒီယိုတည်းဖြတ်မှုပြုလုပ်နိုင်ရန် ရုပ်ရှင်သီအိုရီအခြေခံများသည် ပထမဆုံးခြေလှမ်းဖြစ်သည်။

၂။ WeVideo software နှင့် ရင်းနှီးကျွမ်းဝင်ခြင်း

WeVideo သည် အသုံးပြုရလွယ်ကူပြီး cloud အခြေပြု ဗီဒီယိုတည်းဖြတ်ခြင်း ကိရိယာတစ်ခုဖြစ်ပြီး ကျွမ်းကျင်မှုအဆင့်အမျိုးမျိုးရှိသော ကျောင်းသားများအနေဖြင့် ပရော်ဖက်ရှင်နယ်ရုပ်ရှင်များ၊ podcast များနှင့် အခြားအကြောင်းအရာများကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Logiscool ရှိ ဗီဒီယိုတည်းဖြတ်မှုသင်တန်းများတွင် WeVideo ကို အသုံးပြုထားသည့် အတွက် ကလေးများသည် ဒါကိုအသုံးပြု၍ အောင်မြင်အောင် မည်သို့ပြုလုပ်ရမည်ကို အလျင်အမြန်လေ့လာနိုင်မည်ဖြစ်သည်။ ဗီဒီယိုတည်းဖြတ်မှုအတန်းပြီးမြောက်ပါက အိမ်တွင်လေ့ကျင့်ရန် WeVideo ၏ အခမဲ့ဗားရှင်းကို အသုံးပြုနိုင်သည်။

၃။ ရုပ်ရှင်ထုတ်လုပ်ခြင်း၏ အခြေခံအချက်များကို နားလည်သဘောပေါက်ခြင်း

သင်တို့၏ကလေးမှ ဗီဒီယိုတည်းဖြတ်ခြင်းကို သင်ယူရာတွင် ပိုမိုလွယ်ကူပြီး မြန်ဆန်စေရန် အဓိကအချက်သည် ရုပ်ရှင်ထုတ်လုပ်ရေးအကြောင်း အခြေခံအချက်များကို သိထားခြင်းဖြစ်သည်။ ကလေးများသည် ရုပ်ရှင်ဖန်တီးမှုဆိုင်ရာ စကားလုံးများကို သင်ယူခြင်း၊ အကြောင်းအရာများကိုနားလည်ခြင်းနှင့် ရုပ်ရှင်ဖန်တီးရန်လိုအပ်သည့် ကိရိယာများနှင့် အသုံးအဆောင်များကို ယုံကြည်ချက်ရှိရှိ အသုံးပြုနိုင်ရန် လေ့လာထားခြင်းတို့ကို ပြုလုပ်ထားပါက ၎င်းတို့၏ ဗီဒီယိုတည်းဖြတ်ခြင်းစွမ်းရည်များ တိုးတက်မှုအပေါ်တွင် သက်ရောက်မှုများရှိမည်ဖြစ်သည်။

၄။ မတူညီသည့် ဗီဒီယိုများ ရိုက်ကူးနည်းကို သင်ယူလေ့လာခြင်း

ဗီဒီယိုအမျိုးအစားနှင့် ပရောဂျက်အပေါ်မူတည်၍ မတူညီသောနည်းလမ်းများနှင့် နည်းဗျူဟာများကို အသုံးပြုသင့်သည်။ ကလေးများသည် ဗီဒီယိုအမျိုးအစားများစွာ (ဥပမာ Vlog ၊ ကြော်ငြာ သို့မဟုတ် မှတ်တမ်း)တို့၏ ကွာခြားချက်များကို နားလည်ပြီး မည်သည့်ကင်မရာရှုထောင့်၊ မည်သည့်ရုပ်ထွက်ဖြင့် ရိုက်ကူးရမည် စသည်တို့အပြင် သူတို့ဇာတ်လမ်းများကို အကောင်းဆုံးတင်ဆက်နိုင်စေရန် ဗီဒီယိုကို မည်သို့ရိုက်ကူးရမည်ကို သိရှိသွားခြင်းက ကလေးများအတွက် သိသာသော တိုးတက်ပြောင်းလဲမှုမှတ်တိုင်တစ်ခုဖြစ်ပါတယ်။

၅။ ဗီဒီယိုထုတ်လုပ်မှုနောက်ပိုင်းတွင် မရှိမဖြစ်လိုအပ်ချက်များကို သင်ယူလေ့လာခြင်း

သင်ယူလေ့လာခြင်းသည် ဗီဒီယိုရိုက်ကူးခြင်းများတွင် ပြီးဆုံးသွားမည်မဟုတ်ဘဲ ပျော်စရာကဏ္ဍများ ဆက်လက်ကျန်ရှိနေဦးမည်ဖြစ်သည်။ ၎င်းတို့ကို ရိုက်ကူးမှုအပြီး လုပ်ဆောင်မှုများစတင်ပါက တွေ့ရနိုင်သည်။ ဤအဆင့်တွင် ကလေးများသည် မတူညီသောနည်းစနစ်များနှင့် ပုံစံများအပြင် စာတန်းထိုးဖန်တီးခြင်းနှင့် ၎င်းတို့၏ရုပ်ရှင်များတွင် မတူညီသော effect များထည့်ခြင်းကဲ့သို့ ဗီဒီယိုတည်းဖြတ်ခြင်းတွင် အဓိကကျသောအချက်များကိုပါ လေ့လာရမည်ဖြစ်သည်။

၆။ ပူးပေါင်းဆောင်ရွက်ရသည့် ပရောဂျက်များကို လုပ်ဆောင်ခြင်း

ဒီသင်တန်းကို သင်ကြားနေစဥ် ကလေးများဟာ ပူးပေါင်းဆောင်ရွက်ရသော ပရောဂျက်တွေမှာ ပါဝင်ခြင်းဖြင့် အသုံးဝင်တဲ့စွမ်းရည်တွေကို တတ်မြောက်စေနိုင်ပါသည်။ ဥပမာ မေးခွန်းနည်းနှင့် အကူအညီတောင်းခံနည်း၊ အဖွဲ့အစည်းအတွက် လုပ်ဆောင်နည်း၊ တာဝန်ယူနည်း၊အောင်မြင်မှုနှင့် ကျရှုံးမှုတွေကို မျှဝေနည်း အစရှိတာတွေကို သင်ယူလေ့လာနိုင်ပါတယ်။

၇။ ဆက်ပြီးထိတွေ့နေခြင်း

ဗဟုသုတအသစ် သို့မဟုတ် စွမ်းရည်အသစ်များ တတ်မြောက်ပြီးချိန်တွင် ၎င်းတို့ကို ဆက်လက်လုပ်ဆောင်ရန်နှင့် ဆက်လက်စိတ်ပါဝင်စားနေစေရန် အခွင့်အရေးများမရရှိသည့်အခါ ကလေးများ၏ ကနဦးစိတ်တက်ကြွမှုများနှင့် စိတ်အားထက်သန်မှုများသည် အလျင်အမြန်ပျောက်ကွယ်သွားနိုင်သည်။ ထို့ကြောင့် Logiscool တွင် ကျွန်ုပ်တို့သည် ဒစ်ဂျစ်တယ် ဇာတ်လမ်းပုံပြင်ရေးသားပြောဆိုခြင်း၊ ရုပ်ရှင်ထုတ်လုပ်ခြင်းနှင့် ဗီဒီယိုတည်းဖြတ်ခြင်းစွမ်းရည်များကို ကလေးများ၏စိတ်ထဲတွင် နက်ရှိုင်းစွာ တည်ရှိနေစေရန် နည်းလမ်းနှစ်မျိုးဖြင့် သူတို့၏ပြင်းပြသောဆန္ဒများကို အားပေးထောက်ပံ့ပေးပါသည်။ ကျွန်ုပ်တို့တွင် ဗီဒီယိုထုတ်လုပ်ရေး သင်ရိုးများအပြင် အချိန်တစ်ပတ်တာကြာမြင့်မည့် ဗီဒီယို ထုတ်လုပ်ရေး camp များလည်းရှိပြီး အသက် ၁၀ နှစ်နှင့်အထက်ကလေးများတက်ရောက်ရန် ကြိုဆိုပါသည်။ သို့သော် ထို Camp များတွင်ပါဝင်ရန် လိုအပ်ချက်များမရှိပါ။

ဗီဒီယိုအကြောင်းအရာထုတ်လုပ်ခြင်းသည် ခေတ်သစ်ပုံပြင်ပြောဆိုခြင်းနည်းလမ်းဖြစ်ပြီး ယနေ့ခေတ်၏ ပြောဆိုဆက်သွယ်ရေးတွင် အလွန်အရေးပါသော အခန်းကဏ္ဍတွင်ရှိကာ အနာဂါတ်တွင်လည်း ပိုမိုအရေးပါလာမည်ဟု ခန့်မှန်းထားကြသည်။ Vlog တစ်ခု၊ ရုပ်ရှင်တစ်ခု၊ မှတ်တမ်းတစ်ခုဖြစ်စေကာမူ ဗီဒီယိုထုတ်လုပ်ခြင်းနှင့် ဗီဒီယိုတည်းဖြတ်ခြင်းအား သင်ယူခြင်းသည် ငယ်ရွယ်ချိန်တွင် သင်ယူထားသင့်သော အလွန်အသုံးဝင်ပြီး တန်ဖိုးရှိသည့် စွမ်းရည်များဖြစ်ပါသည်။

ဗီဒီယိုထုတ်လုပ်ရေးအတန်းနှင့် camp များအကြောင်း ပိုမိုသိရှိလိုပါက၊ www.logiscool.com တွင်ကြည့်နိုင်သည်။