Digital Creator သင်တန်းများ

Video Production

၂၁ ရာစုအတွက် အရေးကြီးဆုံး ကြားခံတွေထဲကတစ်ခုဖြစ်တဲ့ ပုံရိပ်တွေ ရွှေ့လျားခြင်းကနေတစ်ဆင့် သင့်ကလေးရဲ့ တီထွင်ဆန်းသစ်မှုကို မြှင့်တင်ပေးလိုက်ပါ၊ သူတို့က ကိုယ်ပိုင်ရုပ်ရှင်တွေအတွက် ဒါရိုက်တာတွေဖြစ်လာနိုင်တာကြောင့် သူတို့ကိုယ်ကိုယ်ဖော်ပြနိုင်တဲ့လမ်းကြောင်းကို ဖန်တီးပေးသွားပါမယ်။

Video Production သင်တန်း

10-18 နှစ်အတွက်

online, Classroom

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

Creative storytelling

ကျွန်တော်တို့ရဲ့ Video Production သင်တန်းကာလအတွင်း ကျောင်းသားတွေဟာ ရုပ်ရှင်ရိုက်တာရဲ့ အဓိကမူသဘောတရားတွေကို သိသွားမှာပါ။ သူတို့ကိုယ်ပိုင် ရုပ်ရှင်တွေကို ဖန်တီးရမှာဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာတွေ၊ ဒါရိုက်တာတွေ၊ အယ်ဒီတာတွေနဲ့ post-production အထူးပညာရှင်တွေ ဖြစ်လာမှာပါ။

ဒီသင်တန်းအတွင်း ကျောင်းသားတွေဟာ ရုပ်ရှင်အမျိုးအစားအမျိုးမျိုးကို သိသွားပြီး ဗီဒီယိုတည်းဖြတ်ခြင်းရဲ့အခြေခံအချက်တွေကို သင်ယူရမှာပါ၊ နောက်ပြီး subtitles၊ special effects နဲ့ green screens တို့လို အကောင်းဆုံး ရုပ်ရှင်လှည့်ကွက်တွေ၊ နည်းပညာတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်သွားမှာပါ။ ဒီသင်တန်းရဲ့ အဓိကအချက်ကတော့ ကလေးတွေကို သူတို့ပြောချင်တဲ့ပုံစံမျိုးနဲ့ ဇာတ်လမ်းတွေပြောလာစေဖို့ပါပဲ။ သူတို့ဟာ dramatic documentary၊ shoot punchy advertisements တွေဥို ဖန်တီးနိုင်မှာဖြစ်ပြီး သူတို့ဘဝအကြောင်း film vlog တွေကိုလည်း ဖန်တီးသွားနိုင်ဦးမှာပါ။

Highlights

ဒီ course က ဒါတွေကို ဗဟိုပြုပြီး သင်ကြားပေးပါတယ်၊

ဗီဒီယို ဖန်တီးခြင်းနဲ့ တည်းဖြတ်ခြင်းရဲ့ အခြေခံအချက်များကို မိတ်ဆက်ပေးခြင်း

post-production လုပ်ငန်းစဥ်၊ တည်းဖြတ်မှုနည်းလမ်းများ၊ styles ကို နားလည်သဘောပေါက်ခြင်း

ရုပ်ရှင်ဇာတ်လမ်းအမျိုးအစားအမျိုးမျိုးကို နားလည်ခြင်း

လိုအပ်ချက်များ

ဒီ course အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • ကျွန်တော်တို့ရဲ့ in-Logiscool သင်တန်းအတွက်၊ကျောင်းသားတိုင်းဟာ ဗီဒီယိုရိုက်ကူးနိုင်တဲ့ စက်ပစ္စည်းတစ်ခု (ဥပမာ- smartphone၊ tablet ဒါမှမဟုတ် GoPro) နဲ့ နားကြပ်ကို အတန်းတိုင်းအတွက် ယူလာရပါမယ်။
  • ကျောင်းက အွန်လိုင်းသင်တန်းတွေလည်းဖွင့်ပေးထားပါတယ်၊ ဗီဒီယိုရိုက်စက်နဲ့ နားကြပ်တွေအပြင် ကျောင်းသားတိုင်းဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။
Video Production သင်တန်း

10-18 နှစ်အတွက်

online, Classroom

အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။