AI က သိပ်ကိုလွယ်တဲ့ အရာတစ်ခုလား? Logiscool မှာတော့ artificial intelligence ဆိုတာ အတွေ့အကြုံဆန်းတစ်ခုနဲ့ ဂိမ်းတစ်ခုပါပဲ

Digitalization
Logiscool
၁၃ အောက် ၂၀၂၃

Logiscool က ၂၀၂၁ တည်းကစပြီး Artificial Intelligence ကို သင်တန်းတွေ၊ workshops နဲ့ camps တွေမှာ သင်ပေးနေပါတယ်။ကျွန်တော်တို့က AI အလုပ်လုပ်ပုံသာမက AI ကို အသုံးပြုတဲ့နည်းကိုပါ သင်ပေးတဲ့အပြင် ကလေးငယ်လေးတွေအတွက် သင့်တော်ကိုက်ညီမယ့် နည်းလမ်းကောင်းတွေကိုသာ အဓိကထားပြီး သင်ပေးတာပါ။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးကပြောင်းလဲနေတာဆိုတော့ နောက်ဆယ်စုနှစ်တွေမှာ artificial intelligence နဲ့ အတူရှင်သန်နေထိုင်မယ့်နည်းလမ်းကို သင်ယူထားဖို့ကတော့ မရှိမဖြစ်လိုအပ်လာပါပြီ။ ဒါပေမဲ့ artificial intelligence ဆိုတာကဘာလဲ၊ နောက်ပြီး ဒါကို ကျွန်တော်တို့က ဘယ်လိုသင်ပေးနိုင်လဲ။ အမြဲမပြတ်ပြောင်းလဲနေတဲ့ ဒီနည်းပညာအကြောင်းကို သင်သိရအောင်လို့ ကျွန်တော်တို့က အရာအားလုံးကို စုဆောင်းပေးထားပါတယ်။

AI ဆိုတာ ChatGPT ထက်ကိုပိုပါတယ်: artificial intelligence အကြောင်း အသေးစိပ်

Artificial intelligence က ယနေ့ခေတ်စကား၀ိုင်းရဲ့ ရေပန်းအစားဆုံး အကြောင်းအရာဖြစ်တာကြောင့် ဒါကို နားလည်ဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့နေ့စဥ်ဘဝတွေရဲ့အခန်းကဏ္ဍအများစုကိုလည်း AIက ပြောင်းလဲပေးနေပါပြီ။ အလျင်အမြန်ပြောင်းလဲနေတဲ့ ဒီကမ္ဘာကြီးမှာ digital literacy၊ logical နဲ့ critical thinking နဲ့ programming တွေဟာ AI နဲ့ဆက်စပ်နေတာကြောင့် ကလေးတွေရဲ့ အနာဂတ်အောင်မြင်မှုအတွက် သိပ်ကိုအရေးပါလာပါတယ်။ ဒါပေမဲ့လည်း အစိုးရကျောင်းတွေဟာ အဆက်မပြတ်တိုးတက်ပြောင်းလဲနေတဲ့ ဒီနည်းပညာရပ်ကို အမီမလိုက်နိုင်တာကြောင့် ကလေးတွေဟာ ကျောင်းချိန်ပြင်ပမှာ IT သင်တန်းတွေတက်ဖို့ ဖြစ်လာပါတယ်။

လူအတော်များများကတော့ ChatGPT ဒါမှမဟုတ် Bard က AI နဲ့တူတူပဲလို့ မှတ်ယူကြပါတယ်။ ဒါက အယူအဆအလွဲကြီးတစ်ခုပါ။ ChatGPT ဆိုတာ AI ကိုသုံးထားတဲ့ ပရိုဂရမ်တွေထဲကတစ်ခုပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ထောင်ပေါင်းများစွာရှိတဲ့ software နဲ့ programs တွေဟာ AI ကိုအဓိကအခြေပြုထားပါတယ်။ ဥပမာ Siri၊ Alexa နဲ့ Google Assistant တွေကို artificial intelligence ကိုအသုံးပြုစီမံထားတာဖြစ်သလို YouTube၊ Netflix နဲ့ Spotify တို့လို အွန်လိုင်းနည်းပညာပလက်ဖောင်းတွေကလည်း ဒီအပေါ်မှာပဲ အမှီပြုဖန်တီးထားတာပါ။

Artificial intelligence ကို ChatGPT စကားအရ အောက်ပါအတိုင်း အဓိပ္ပာယ်သတ်မှတ်လို့ရပါတယ်၊ Artificial intelligence (AI) ဆိုတာ လူသားတွေရဲ့ဉာဏ်စွမ်းကို လိုအပ်တဲ့ တာဝန်တွေကို computer systems တွေ၊ စက်တွေက ဆောင်ရွက်ဖို့ တီထွင်ဖန်တီးထားတာဖြစ်ပါတယ်။ Artificial intelligence ဆိုတာ ပတ်ဝန်းကျင်ကို လေ့လာနိုင်တာ၊ အတွေ့အကြုံကနေ သင်ယူနိုင်တာ၊ သတ်မှတ်ရည်မှန်းချက်တွေ ရရှိဖို့ ဆုံးဖြတ်ချက်တွေ ဒါမှမဟုတ် ဆောင်ရွက်ချက်တွေကို လုပ်ဆောင်နိုင်တာ စတဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ intelligent agents တွေကို ဖန်တီးတာကို ဆိုလိုတာပါ။ ဒီထဲမှာ လူတွေရဲ့ သိမြင်မှုစွမ်းရည်တွေအတိုင်း လိုက်လုပ်နိုင်အောင်လို့ နည်းပညာအမျိုးမျိုး၊ algorithms နဲ့ methods အမျိုးမျိုးကိုလည်း ထည့်သွင်းပေးထားပါတယ်။

Logiscool ရဲ့ ပညာရေး သင်ကြားမှုမှာ AI က အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်

ကလေးတွေဟာ digital devices တွေနဲ့အတူ ကြီးပြင်းလာကြသူတွေပါ။ Logiscool ရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေကို တစ်ဆင့်ခံသုံးစွဲသူဖြစ်မယ့်အစား နည်းပညာရပ်ကို ကိုယ်တိုင်အသိရှိရှိနဲ့အသုံးပြုနိုင်တဲ့ စဥ်းစားဆင်ခြင်နိုင်တဲ့သူတွေဖြစ်လာအောင် ကူညီပေးဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာ့အဆင့်မီ အသိအမှတ်ပြု သင်ရိုးညွှန်းတမ်း ထဲမှာ အသက် ၆ နှစ် မှ ၁၈ နှစ်ကြား ကျောင်းသားတွေအတွက် programming နဲ့ digital literacy စွမ်းရည်တွေကို ထည့်ထားပေးတာပါ။

နောက်ဆုံးပေါ် ပညာရေးနည်းလမ်းတွေနဲ့အညီ ကျွန်တော်တို့ရဲ့ ပညာရေးဟာ လက်တွေ့နဲ့ သင်ခန်းစာ နှစ်ခုလုံးကို အခြေခံထားပြီး ကလေးတွေကိုလည်း သူတို့အသက်နဲ့အညီ ပညာရပ်တွေကို ပျော်ရွှင်တက်ကြွစွာ သင်ယူနိုင်အောင် ဖန်တီးပေးထားပါတယ်။ ကမ္ဘာပေါ်က ဒစ်ဂျစ်တယ်ခေတ်ရေစီးကြောင်းနဲ့အညီ ကျွန်တော်တို့ဟာ ပထမဆုံး AI ပညာရေး camps တွေကို ၂၀၂၁ မှာ စတင်ခဲ့ပါတယ်။ ဒါဟာ ChatGPT ဆိုတာမပေါ်ခင်ထဲက စတင်ခဲ့တာပါ။

ဒီနေ့မှာတော့ Logiscool ရဲ့ Coursescamps နဲ့ workshopsတွေဟာ AI အလုပ်လုပ်ပုံကို သင်ပေးရုံသာမက အသုံးပြုနည်းကိုပါ သင်ပေးပါတယ်။ ဒီသင်ရိုးညွှန်းတမ်းထဲက ခေါင်းစဥ်တွေထဲမှာ text generation၊ text-image generation၊ text-to-voice generation၊ drawing၊ face နဲ့ motion recognition၊ music production၊ building machine learning models၊ patterns၊ recommendation systems နဲ့ training models၊ data visualization တို့ပါဝင်တဲ့အပြင် chat bot တစ်ခု ဖန်တီးခြင်းပါ ပါဝင်ပါတယ်။

ကျွန်တော်တို့ရဲ့ အတန်းတွေမှာ supervised နဲ့ unsupervised (machine) learning၊ numeric models နဲ့ kNN algorithms ရဲ့ အခြေခံအချက်တွေကို online software အကူအညီနဲ့ သင်ကြားပေးတာကြောင့် ကျောင်းသားတွေဟာ ကျွန်တော်တို့ကိုယ်ပိုင် ပရိုဂရမ်ရေးခြင်း ပလက်ဖောင်းမှာပဲ smart algorithms တွေကို ပရိုဂရမ်ရေးနိုင်သွားပါတယ်။ ဒီပလက်ဖောင်းဟာ code ကို အလွယ်တကူနားလည်လွယ်အောင် ရေးနိုင်တဲ့ ပလက်ဖောင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားတွေဟာ ပရိုဂရမ်ရေးဆွဲခြင်း လောကမှာ အခုချိန်အထိ အသုံးအများဆုံးဖြစ်တဲ့ Python language ထဲမှာ machine learning algorithms ကို ပရိုဂရမ်ရေးခွင့်နဲ့ အသုံးချခွင့်ကိုလည်း ရသွားဦးမှာပါ။

ပိုပြီးအရေးကြီးတာက Logiscoolသည် ကလေးများအား နည်းပညာကို အသိရှိရှိအသုံးပြုတတ်စေရန်အပြင် အင်တာနက်ကို ဘေးကင်းစွာအသုံးပြုတတ်အောင်လည်း သင်ပေးတာကြောင့် ကျောင်းသားတွေဟာ AI ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေနဲ့ အကျိုးသက်ရောက်မှုတွေကို နားလည်သဘောပေါက်ပြီး သတိပြုမိသွားမှာပါ။

Digital literacy ကတော့ အောင်မြင်တဲ့အနာဂတ်ကို ပိုင်ဆိုင်ဖို့ အဓိကသော့ချက်တစ်ခုပါပဲ!

အလျင်အမြန်တိုးတက်နေတဲ့ ယနေ့ နည်းပညာခေတ်မှာ digital literacy နဲ့ programming ရဲ့ အရေးပါမှုကို လျှော့တွက်လို့ မရတော့ပါဘူး။ ဒီပညာရပ်တွေဟာ ကလေးတွေကို ဒစ်ဂျစ်တယ်လောကမှာ လျှောက်လှမ်းနိုင်အောင် ကူညီပေးပြီး ဒစ်ဂျစ်တယ်နည်းပညာ သိသိသာသာလွှမ်းမိုးလာမယ့် သူတို့ရဲ့အနာဂတ်မှာ အောင်မြင်မှုရဖို့အတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ Programming အသိပညာကတော့ AI နဲ့ထိန်းချုပ်ထားတဲ့ စနစ်တွေကို စီမံခန့်ခွဲရာတွင် အထူးအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါ၀င်ပါတယ်။ AI က ကျွန်တော်တို့ဘဝတွေရဲ့ အခန်းကဏ္ဍအမျိုးမျိုးထဲကို ဝင်ရောက်လာနေပြီဖြစ်တာကြောင့် ပရိုဂရမ်ရေးဆွဲခြင်း ရဲ့အခြေခံအချက်တွေကို နားလည်သဘောပေါက်တာဟာ AI ရဲ့အစွမ်းကို ထိထိရောက်ရောက်ကြိုးကိုင်တဲ့နေရာမှာ အရေးကြီးပါတယ်။

လာမယ့်အနာဂတ်မှာ ဘယ်လိုနည်းပညာတွေပဲ ဖွံ့ဖြိုးလာပါစေ Logiscool ကတော့ နောက်မျိုးဆက်တွေကို ဒစ်ဂျစ်တယ်အနာဂတ်မှာ အောင်မြင်အောင် ကူညီပေးဖို့အသင့်ပါပဲ။

Logiscool သင်တန်းတွေအကြောင်း ပိုပြီးသိရှိလိုပါက၊ https://www.logiscool.com/my-mm/programs/courses