Digital Creator Camps

တီထွင်ဆန်းသစ်တဲ့ Mobile Photo နဲ့ Video Camp

ဒီ camp အတွင်းမှာ mobile phone က အဓိကပါ။ ဂန္တဝင်ဗီဒီယိုတွေမျှဝေခြင်းနဲ့ social networking sites တွေရဲ့နာမည်ကျော်ကြားမှုတွေက ကလေးတွေကို သူတို့ကိုယ်ပိုင် creative content တွေ မျှဝေချင်စိတ်ကိုဖြစ်စေပါတယ်။ ဒီ camp အတွင်း ကလေးတွေဟာ သူတို့ mobile camera နဲ့ သူတို့စိတ်ကူးတွေကို အသုံးချပြီး ထူးခြားတဲ့ content ကိုဖန်တီးပုံကို သင်ယူရမှာပါ။ ဓာတ်ပုံပညာရဲ့အခြေခံအချက်တွေကို သင်ရမယ့်အပြင် လှုပ်ရှားနေတဲ့ ပုံရိပ်တွေ၊ မိုဘိုင်းဗီဒီယိုတွေကို အဓိကထားသင်ပြသွားဦးမှာပါ။ ဒီအချိန်မှာပဲ သူတို့ဟာ သူတို့ content ကို စိတ်ချလက်ချတည်းဖြတ်ပြီး စိတ်လှုပ်ရှားစရာ အထူးပြုလုပ်ချက်အမျိုးမျိုးကို ဖန်တီးနိုင်မယ့် အသုံးပြုရလွယ်ပြီး အခမဲ့ရတဲ့ ပစ္စည်းတွေအကြောင်းလည်း သင်ယူရမှာပါ။

တီထွင်ဆန်းသစ်တဲ့ Mobile Photo နဲ့ Video Camp

11+ နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင့်ကလေး အားကျအတုယူချင်စိတ်တွေ ဖြစ်လာပါစေ။

သင့်ကလေးဟာ ဆိုရှယ်ပလက်ဖောင်းတွေပေါ်က အောင်မြင်နေတဲ့ video နဲ့ image content တွေနောက်ကွယ်က လျှို့ဝှက်ချက်တွေကို သိမြင်သွားမှာဖြစ်ပြီး သူတို့ကို အားကျအတုယူချင်စိတ်တွေပါ ဖြစ်လာမှာပါ။ ကျွန်တော်တို့ campers တွေဟာ နာမည်ကျော်ပြီး ဘယ်တော့မှရိုးအီမသွားတဲ့ viral video trends ကိုလည်း သင်ယူရဦးမှာပါ။ ဒါတွေသာမက ကလေးတွေဟာ ဆိုရှယ်ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေ မျှဝေတဲ့ ကျင့်ဝတ်နဲ့ ဘေးကင်းစိတ်ချရတဲ့ ရှုထောင့်တွေကိုလည်း သိရှိသွားဦးမှာဖြစ်ပါတယ်။

Highlights

ဒီ Camp အတွင်း ကလေးတွေ ဒါတွေကို သင်ယူရမှာပါ၊

ဓာတ်ပုံပညာနဲ့ ဗီဒီယိုပညာအခြေခံအချက်များ

သူတို့ မိုဘိုင်းကင်မရာရဲ့ အဓိက features၊ options၊ tips နဲ့ tricks တွေ

အခမဲ့သုံးနိုင်ပြီး စိတ်ချရတဲ့ photo နဲ့ video editing mobile apps

Social image နဲ့ video sharing၊ historical overview၊ popular trends နဲ့ contents

content ကို အသုံးပြုခြင်းနဲ့ မျှဝေခြင်းအတွက် အင်တာနက်ပေါ် စိတ်ချရခြင်းနဲ့ ကျင့်ဝတ်အချက်အလက်များ

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

  • ကျွန်တော်တို့ in-Logiscool campsအတွက်၊ ပါဝင်သူတိုင်းဟာ သူတို့ကိုယ်ပိုင် Google အကောင့်တစ်ခု၊ iPhone ဒါမှမဟုတ် Android မိုဘိုင်းဖုန်းတစ်လုံး (သို့ iPad / Android တက်ဘလက် - iOS 13.0 သို့ နောက်ပိုင်းအမျိုးအစားများဆို ပိုကောင်းပါသည်၊ Android 8.0 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများဆို ပိုကောင်းပါသည်) နှင့် နားကြပ်တစ်စုံ လိုအပ်ပါတယ်။
  • ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်းသင်တန်းတွေမှာပါဖို့ဆိုရင် အပေါ်မှာပြောထားတာတွေအပြင် မရှိမဖြစ်လိုတာကတော့ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံးရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာကိုလည်း အသုံးပြုနိုင်ပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။
တီထွင်ဆန်းသစ်တဲ့ Mobile Photo နဲ့ Video Camp

11+ နှစ်အတွက်

online, Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင်စိတ်ဝင်စားနိုင်မယ့် နောက်ထပ်ပရိုဂရမ်များ
ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။