Python Programming၊ သိထားရမယ့် အချက် ၅ ချက်

Coding & Tech
Logiscool
၁၉ ဇွန် ၂၀၂၃

ဒီပညာက ဒီနေ့ခေတ်မှာ အသုံးတွင်ကျယ်လာပြီဖြစ်ပေမဲ့လည်း မိဘတွေကတော့ coding အတန်းတွေနဲ့ပတ်သက်ပြီး သူတို့ကလေးတွေအတွက် မေးစရာတွေကရှိနေဆဲပါ။ ဒီလိုမေးခွန်းတွေအတွက် အဖြေကိုတော့ ကျွန်တော်တို့ရဲ့ Python ပရိုဂရမ်းမင်းအကြောင်း ဆောင်းပါးတွေကို ဖတ်ကြည့်လို့ရပါတယ်။

Python code နဲ့ ဘာလို့ထိတွေ့သင့်လဲ၊ ကလေးတွေအတွက် ဘယ်လိုအထောက်အကူပြုလဲဆိုတာ သိရအောင်လို့ ဖတ်ကြည့်သင့်ပါတယ်။ နောက်ပြီး ကလေးတွေရဲ့အနာဂတ်အတွက် အကောင်းဆုံးပညာဖြစ်တဲ့ Logiscool ရဲ့ နာမည်ကြီးတဲ့ ပရိုဂရမ်ရေးဆွဲခြင်းသင်ရိုးထဲက တစ်ခုအကြောင်းလည်း သိရဦးမှာပါ။

လေ့လာကြည့်ကြပါစို့

၁။ Python Programmingဘာသာစကားက ဘာလဲနှင့် ဘာကြောင့် သိပ်ကို နာမည်ကြီးတာလဲ။

Python programming ဆိုတာ လက်တွေ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ object-oriented၊ interpreted၊ dynamic semantics ပါ အဆင့်မြင့် ပရိုဂရမ်ရေးဆွဲခြင်း ဘာသာရပ်ဖြစ်ပါတယ်။ သူ့ရဲ့အဆင့်မြင့်တဲ့တည်ဆောက်ပုံကြောင့် application development ကို အလျင်အမြန်ဖန်တီးနိုင်ပါတယ်။ Python code နာမည်ကြီးရတဲ့အကြောင်းကတော့ ပရိုဂရမ်ထိန်းသိမ်းတဲ့စရိတ်စကနည်းပါးပြီး လိုတိုရှင်းရေးသားပုံတွေကြောင့် ဖြစ်ပါတယ်။ ပရိုဂရမ်ကို အလွယ်တကူပြင်ဆင်နိုင်ပြီး module များနှင့် packages များဖြင့်လည်း code ကို ပြန်အသုံးပြုနိုင်ပါတယ်။

အွန်လိုင်းကနေ Coding ကိုသင်နေတဲ့ ကျောင်းသားတစ်ယောက်

၂။ စတက်မည့်သူတွေအတွက် ဘာကြောင့် အကောင်းဆုံးဖြစ်ရတာလဲ။

Python Programming ကတော့ ပရိုဂရမ်ရေးဆွဲခြင်း အကြောင်းကို ဘာမှမသိသေးတဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။ Coding သင်မယ့်သူတွေအတွက် အခက်ဆုံးစိန်ခေါ်မှုကတော့ သူတို့နဲ့ အစိမ်းသက်သက်ဖြစ်နေတဲ့ ဘာသာရပ်တစ်ခုကို သင်ယူရတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ Python က လိုတိုရှင်းအင်္ဂလိပ်စာနဲ့ရေးထားတာကြောင့် နားလည်လွယ်ပြီး တခြား coding ဘာသာစကားတွေထက် ပိုပြီးအသုံးပြုရအဆင်ပြေစေပါတယ်။

Interpreted coding ဘာသာစကားကို ပိုကြိုက်တဲ့သူတွေအတွက် Python က အကောင်းဆုံးပါပဲ။ Interpreted ဆိုတာကတော့ ကျောင်းသားတွေက သူတို့ရဲ့ code တိုင်းကို တစ်ကြောင်းချင်းစီ အကောင်အထည်ဖော်နိုင်ပြီး ပြန်သုံးသပ်တာ၊ လိုအပ်သလိုပြင်ဆင်တာတွေကို လုပ်နိုင်ပါတယ်။

၃။ အသက်ငယ်ရွယ်ချိန်မှာ Python Programmingကို လေ့လာတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ။

ကလေးတွေကြားမှာ ပိုပိုထင်ရှားလာတဲ့ coding သင်တန်းတွေအနက် Python programming က ရေပန်းအစားဆုံးဖြစ်ပါတယ်။ သူ့ရဲ့ကောင်းကျိုးတွေကို ဒီမှာကြည့်ကြည့်လိုက်ပါ၊

  • ကလေးတွေရဲ့ ပြဿနာဖြေရှင်းသည့်စွမ်းရည်များကို တိုးတက်စေခြင်း၊ Python programmingးမှာ ကလေးတွေက တကယ့်စိန်ခေါ်မှုတွေကို လက်တွေ့ကျကျ ဖြေရှင်းသွားရမှာပါ။ Coding မှာကြုံရတဲ့ ပြဿနာကိုဖြေရှင်းရတဲ့အတွက် ကလေးတွေရဲ့အတွေးအခေါ်တွေ တိုးတက်လာပြီး ဖန်တီးနိုင်စွမ်းတွေ တိုးလာစေပါတယ်။ သူတို့က ပြဿနာအတွက် အကောင်းဆုံးဖြေရှင်းနည်းကို ရဖို့ နည်းအမျိုးမျိုးကိုအသုံးပြုကြရမှာပါ။

  • Coding က ဇွဲလုံ့လဝီရိယနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးစေပါတယ်၊ Python code ရဲ့ အခက်အခဲတွေကို ဖြေရှင်းတဲ့အခါ ကလေးတွေက အမှားတွေလုပ်မိမှာပါ။ ဒါဟာ ဖြစ်ရိုးဖြစ်စဥ်တစ်ခုဖြစ်ပြီး ဒီလို အမှားတွေ၊ မအောင်မြင်မှုတွေကြုံလာတဲ့အခါ အဖြေရဖို့ ကြိုးစားလုပ်ဆောင်ရင်း သူတို့ရဲ့ ဇွဲလုံ့လဝီရိယတွေ အားကောင်းလာမှာပါ။ နောက်ပြီး အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့အခါ သူတို့ကိုယ် သူတို့ပိုပြီးယုံကြည်မှုတိုးလာမှာလည်း ဖြစ်ပါတယ်။

  • Python programmingးကို လေ့လာတဲ့အခါ ခွဲခြမ်းစိတ်ဖြာတွေးခေါ်နိုင်စွမ်းက တိုးတက်လာမှာပါ၊ Coding မှာ အခက်အခဲကြုံတဲ့အခါ ကလေးတွေအနေနဲ့ အဖြစ်နိုင်ဆုံးအဖြေကို ရှာရမှာဖြစ်တဲ့အတွက် သူတို့ရဲ့ ခွဲခြမ်းစိတ်ဖြာတွေးခေါ်နိုင်စွမ်းက တိုးလာမှာပါ။ ဒါဟာ သိပ္ပံနဲ့ သင်္ချာလို ဘာသာရပ်တွေကိုသင်ယူတဲ့အခါ အထောက်အကူဖြစ်ပါတယ်။ ဒီလိုအတွေးအခေါ် ထက်မြက်တဲ့ကလေးတွေဟာ ပြဿနာတွေကို မြန်မြန်ဆန်ဆန်ဖြေရှင်းလာနိုင်မှာပါ။

၄။ Python Programmingကို ဘယ်နေရာတွေမှာ သုံးလို့ရလဲ။

ကလေးတွေက Python programming ကို ရေရှည်အသုံးပြုနိုင်ပါမလားဆိုပြီး မိဘတွေက မေးလေ့ရှိပါတယ်။ သတင်းကောင်းကတော့ ကလေးတွေဟာ ဒီသင်တန်းကရထားတဲ့ ပညာတွေနဲ့ အဆင့်မြင့်ပညာရေးမှာရော အလုပ်အကိုင်မှာပါ လက်တွေ့အသုံးချနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီသင်တန်းတွေထဲမှာ ပါတာတွေကတော့၊

  • AI နှင့် Machine Learning

  • ဂိမ်းတီထွင်ရေးဆွဲခြင်း

  • Desktop GUI

  • ပညာရေးပရိုဂရမ်များနှင့် သင်တန်းသင်တန်းတို့ပဲဖြစ်ပါတယ်

၅။ Python Programming ကို ဘယ်လိုသင်ယူနိုင်သလဲ။

သင့်ကလေးအတွက် Python programming ကိုရွေးချယ်မယ်ဆိုရင်တော့ Logiscool ရဲ့ သင်တန်းတွေကတော့ တကယ့်ကိုအခွင့်အလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကလေးတွေဟာ အရေးကြီးတဲ့ ဒစ်ဂျစ်တယ်ပညာနဲ့ ပရိုဂရမ်ရေးနည်းအခြေခံအချက်တွေကို သင်ရမယ့် Digital Discovery ကိုသင်ရပါမယ်။ တကယ်လို့ Grade 4 ကစပြီးသင်မယ်ဆိုရင်တော့ ပရိုဂရမ်ရေးဖို့အဓိကကျတဲ့ block programming ကို သင်ရမှာပါ။

အသက်အရွယ်ပေါ်မူတည်ပြီး ကလေးတွေ တက်နိုင်တဲ့ သင်ရိုးတွေအများကြီး ရှိပါတယ်၊

တကယ်လို့ အခြေခံအတန်း ဒါမှမဟုတ် အရည်အချင်းစစ်စာမေးပွဲ (Logiscool ကမဟုတ်သည့် ကလေးများလည်း ဝင်ခွင့်ဖြေပြီး အဆင့်မြင့်အတန်းများကို တက်နိုင်ပါတယ်) ကို အောင်သွားရင်တော့ Python programming လို အဆင့်မြင့်အတန်းကို တက်လို့ရပါပြီ။ Python Programming သင်ရိုး ကို အသက် ၁၃ နှစ်ပြည့်သူတိုင်း စပြီးတက်ရောက်နိုင်ပါတယ်။

Python အတန်းရဲ့ ပထမနှစ်ဝက်မှာ Python programming အခြေခံကို သင်ရမှာဖြစ်ပြီး ဒုတိယနှစ်ဝက်နဲ့တတိယနှစ်ဝက်မှာတော့ အဆင့်မြင့်အတန်းကို ဆက်လက်သင်ရမှာပါ။ တခြား Logiscool အတန်းတွေလိုပဲ ပရောဂျက်တွေလုပ်ရမှာဖြစ်ပေမဲ့ ဒီအတန်းမှာတော့ တစ်ဦးချင်းရဲ့ ပြဿနာဖြေရှင်းပုံနဲ့ ထိထိရောက်ရောက်သင်ကြားမှုကို အဓိကထားသွားမှာပါ။ ကျောင်းသားတွေ အနေနဲ့ ဂိမ်းရေးတာ၊ Code ရေးတာအပြင် တခြားအရာတွေကိုပါ သင်ယူရမှာပါ။

Logiscool နည်းလမ်းက ဘာလို့ထူးခြားတာလဲ။

ကလေးတွေအတွက် Coding နဲ့ ဒစ်ဂျစ်တယ်ပညာရပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့က ရှေ့ဆုံးကဦးဆောင်နေသူတွေပါ။

ကျွန်တော်တို့နဲ့ သင်ကြည့်လိုက်ပါ။

Python ဆိုတာ အသုံးများတဲ့ programming ဘာသာရပ်ဖြစ်ပြီး ဂိမ်း၊ app၊ robotics၊ machine learning၊ data mining၊ analysis၊ AI စတဲ့ application တွေမှာ တွဲသုံးလေ့ရှိပါတယ်။ Logiscool ရဲ့ Python programming ကို တက်ပြီးသွားရင်တော့ သင့်ကလေးဟာ သူတို့အဆင့်အလိုက် ပရိုဂရမ်ရေဆွဲခြင်း ပညာရပ်ကို ပျော်ပျော်ရွှင်ရွှင်သင်ယူပြီး တတ်မြောက်သွားမှာပါ။

သင်ရိုးများနှင့်ပတ်သက်ပြီး အချက်အလက်ပိုမိုသိရှိရန်။